Wednesday, September 19, 2018

ငလျင်​နှင့်​ပတ်​သက်​၍ (၂) - Seismic Base Isolation









"Seismic Base Isolation"
Earthquake ​ကြောင့်
Building မှာဖြစ်​လာတတ်​တဲ့ . .
ထိခိုက်​ပျက်​စီးမှု​တွေ နည်း​အောင်​ သုံးတဲ့
Advanced Technology . . ၂ ခုရှိပါတယ်
အဲ့ဒါ​တွေက . .
1- Base Isolation Devices
2-Seismic Dampers
တို့ ဖြစ်​ပါတယ်​။🎯
အဲ့ဒီ Technology - ၂ မျိုးကိုမသုံးလဲ . .
Seismic Resistant Building လုပ်​လို့ရပါတယ်​ . . မြန်​မာနိုင်​ငံမှာ သုံး​နေကျ
Moment Resisting Frame ​တွေသုံးမလား?
Shear wall ဒါမှမဟုတ်​ Bracing သုံးမလား?
Duel system လုပ်​မလား?
လုပ်​လို့ရပါတယ်​ . . ဒါ​ပေမယ့်
အဲ့ဒီ Building System ​တွေက
Main Structural Member ​တွေကို
အဓိက ကာကွယ်​တာပါ . . Non-structural member ​တွေဖြစ်​တဲ့ Brick walling ​တွေ . . Door & Windows ​တွေ နဲ့ M & E service ​တွေကို မကာကွယ်​ပါဘူး
Hospital လိုအ​ဆောက်​အဦ​တွေမှာ
ငလျင်​လှုပ်​ပြီးရင်​လဲ Non-structural element ​တွေက Functionable condition နဲ့ကျန်​ရပါမယ်​ . . မဟုတ်​ရင်​ ငလျင်​လှုပ်​ပြီး​တော့ ​ဆေးရုံမှာ​ဆေးကုဖို့ ဓာတ်​မှန်​ရိုက်​လို့ရမှာ မဟုတ်​ပါဘူး . .
Non-structural members ​တွေရဲ့
ထိခိုက်​ပျက်​စီးမှု ​လျော့နည်း​အောင်​လို့
Structure က Earthquake effects
ခံရမှု​လျော့နည်း​အောင်​ လုပ်​ဖို့အတွက်
Base isolator နဲ့ Seismic Damper ကို
တီထွင်​အသုံးပြု​ခဲ့ကြပါတယ်​ . .
အခု​အပိုင်းမှာပြောမှာက
Base Isolation အ​ကြောင်းပါ . .
Base Isolation လုပ်​တဲ့ concept ကို
ပုံ(A) ကိုကြည့်​ရုံနဲ့ သိနိုင်​ပါတယ်​ . .
Isolator တပ်​တယ်​ဆိုတာ
အ​ဆောက်​အဦကို fricitionless roller ​ပေါ် တင်​ထားသလိုမျိုးဖြစ်​​စေမှာပါ . .
Vertical gravity loads ​တွေကို​တော့
Transfer လုပ်​​ပေး​နေမယ်​ . .
Seismic လာရင်​ Roller ​တွေက ​ရွှေ့​နေပြီး
Building will not move with ground.
အ​ဆောက်​အဦက Earthquake ကို
% အနည်းငယ်​သာခံစားရ​တော့မှာပါ📇
ဒါနဲ့ Hypothetical Building ဆိုတာ
စိတ်​ကူးယဉ်​ပြီးကြည့်​လို့ရ​အောင်​ ပြတဲ့ပုံပါ
တကယ့်​အပြင်​မှာက Roller ဆိုတာထက်
Flexible pad ​လေး​တွေ တပ်​ဆင်​ပါတယ်
ကျ​နော်​ ဂျပန်​က KAJIMA မှာ​တွေ့ခဲ့ဖူးတဲ့
Flexible pad ရဲ့ဖွဲ့စည်းပုံက​တော့
၂ ​ပေ​ပတ်​လည်​လောက်​ အထူရှိတဲ့
Rubber အတုံးကြီးရဲ့အတွင်းထဲမှာမှ
Steel ထည့်​ပြီး Reinforce လုပ်​ပါတယ်
ပုံ (A) ​အောက်​​ခြေမှာပြထားတာမျိုးပါ . .
အဲ့ဒီ Flexible pad ​တွေကို isolator လို့​ခေါ်ပြီး အ့ဲဒါတပ်​ထားတဲ့အ​ဆောက်​အဦး​တွေကို​တော့ Base Isolated Building လို့​ခေါ်ပါတယ်​ . .
ဒါဆိုရင်​ Isolated Building နဲ့
Fixed Based Building ကိုရှင်းပြီးထင်​ပါတယ်​ . . ပုံ(C) ကိုကြည့်​လိုက်​ပါ📛
Isolatation လုပ်​တယ်​ဆိုတာ
Building ကို Ground နဲ့တဆက်​ထဲမဖြစ်​​အောင်​ (Isolator ဆိုတဲ့ ပစ္စည်းအလွှာ တစ်​လွှာထည့်​ပြီး) . . Building နဲ့ Ground motion ကို . .Detach လုပ်​လိုက်​တာ
ခွဲထားလိုက်​တာပါပဲ . .
ငလျင်​က Soil Layer အမျိုးမျိုးကို
ဖြတ်​ပြီး Building ကို​ရောက်လာတယ်​ . .
အဲ့မှာ Footing (သို့) Column ​တွေကို
Isolator တပ်​ထားလိုက်​ရင်​ Building နဲ့
Ground ကသက်​သက်​စီလိုဖြစ်​သွားမယ်​ . .
Ground motion ​က Super-structure ကို မ​ရောက်​​တော့ဘူး . . Isolator က Absorb လုပ်​လို့သူ့ဆီကိုပဲ အများဆုံး​ရောက်​သွားမယ်​ . . ပုံ (B) မှာကြည့်​ရင်​​တွေ့ပါမယ်
Isolator မှာပဲ Large Movement ဖြစ်​မယ်
Building မှာ Small movement ပဲဖြစ်​​တော့မယ်​ . . Damage နည်း​စေမယ်​ . .
ဒါက Isolator ရဲ့ အားသာချက်​ပါ . .
ပုံ(C) မှာ ပြထားသလို ပုံမှန်​ Ground နဲ့
တွဲ​ဆောက်​တဲ့အ​ဆောက်​အဦ​တွေမှာ ခံရတဲ့
Lateral Force ထက်​ 5 to 6 times
လောက်​ထိ ​လျော့နည်း​စေပါတယ်​ . .🔭
Isolator ​တွေကို 1980 ​လောက်​ကစပြီး
တီထွင်​အသုံးပြု​နေခဲ့ကြပါတယ်​ . .
International က​နေ အသိအမှတ်​ပြုပါတယ်​ . . အသုံးများဆုံးနိုင်​ငံ​တွေက
Italy, Japan, New Zealand နဲ့ USA ပါ
India နဲ့ China လဲ သုံးလာပါပြီ . ..
Isolator သုံးတဲ့အ​ဆောက်​အဦ
ကမ္ဘာတ၀န်း ၁ထောင်​ကျော်​ရှိ​နေပါပြီ . .
အများအားဖြင့်​ Hospital ​တွေမှာ
အဓိကသုံးပါတယ်​ . . ​ရှေး​ဟောင်း
Historic building/ structures ​တွေကို
Retrofitting လုပ်​ရာမှာလဲ သုံးပါတယ်
ဂျပန်​နိုင်​ငံ တိုကျိုမြို့ရဲ့ ဂုဏ်​​ဆောင်
Tokyo Station ကြီးကို Retrofitting
လုပ်​တုန်းကလဲ Footing ရဲ့​အောက်​​ခြေမှာ
Isolator ​တွေ ပြန်​တပ်​ထားခဲ့ကြပါတယ်
You tube မှာ BEGIN Japanology လို့ရှာကြည့်​ပါ
2011 မှာ Large Eaethquake in Japan
ဆိုတဲ့ Richter Scale 9.0 ရှိတဲ့ ငလျင်​လှုပ်​တာ​တောင်​ Tokyo Station ဟာ ဘာမှ မဖြစ်​ခဲ့ပါဘူး . .
အခုဆိုရင်​ ASEAN ​ဈေးကွက်​မှာပါ
Isolator ​တွေလဲဝယ်​လို့ရ​နေပါပြီ . .
မြန်​မာနိုင်​ငံမှာလဲ ဂျပန်​ကသာမက
ဖိလစ်​ပိုင်​ကပါ Isolator ​တွေအ​ကြောင်း
ခဏ ခဏလာ​ပြော​လေ့ရှိကြပါတယ်​ . .
ကျ​နော်​တို့အ​နေနဲ့မသုံး​သေးရင်​​တောင်
ဗဟုသုတ သိထားဖို့ လိုအပ်​ပါတယ်​ . .
ဒါမှသူတို့နဲ့ ယှဉ်​​ပြောနိုင်​မှာဖြစ်​ပါတယ်
Isolator ရဲ့အားနည်းချက်​ရှိပါတယ်
အဲ့ဒါက​တော့ Durable မဖြစ်​တာပါပဲ
Rubber နဲ့ Steel နဲ့​ပေါင်းစပ်​ထားတဲ့
Composite material ဖြစ်​တဲ့အတွက်
ပြန်​ပြီး​ဆွေးတတ်​ ပျက်​စီးတတ်​ပါတယ်
ဒါ​ကြောင့်​ ပြန်​စစ်​​ဆေးပြီး
လိုအပ်​ရင်​ ပြန်​လဲ​ပေးရပါမယ်​ . .
ကျ​နော်​ ဂျပန်​​လေ့လာ​ရေးခရီးစဉ်​တုန်းက
KAJIMA institute မှာ ​လေ့လာခွင့်​ရခဲ့တဲ့
Isolator ​တွေဟာ ၆ ထပ်​ RC တိုက်​ရဲ့ Basement Column ထိပ်​မှာတပ်​ထားတာပါ . . (ဒုတိယပုံ မှာပြထားပါတယ်​)
အဲ့ဒီမှာ ​မေးကြည့်​​တော့ Isolator ​တွေကို
၆ လ တစ်​ခါ စစ်​​ဆေးပြီး အသစ်​လဲတယ်​တဲ့
ဒီ ၆ ထပ်​တိုက်​ကြီးကို Hydraulic jet ​တွေနဲ့ 'မ'ပြီးလဲရတာလားဆို​တော့ ဟုတ်​တယ်​တဲ့ .
"It's not very difficult in Japan" လို့​ပြောပြပါတယ်​ . .
ဒီ​တော့ အသစ်​လဲ​ပေးရတာက အခက်​အခဲပါ
ဒီ​နေ့ MES မှာ Seminar လာလုပ်​တဲ့ ဂျပန်​က
T-BAGs isolation method က​တော့ အသစ်​ပါ . .သူကကျ​တော့ ၃ ထပ်​တိုက်​ကို
400mmx400mmx80mm Sand bag . . သဲအိတ်​​တွေနဲ့ Isolator အဖြစ်​ သုံးပြတယ်
သဲအိတ်​ဖြစ်​လို့ပြန်​လဲစရာသိပ်​မလိုဘူး . .
ဒါ​ပေမယ့်​ အမြင့်​ဆုံး ၅ထပ်​ပဲ အာမခံတယ်​🎯
နောက်​ထပ်​ Base-isolator ရဲ့အားနည်းချက်​က
Tall Building ​တွေအတွက်​ မရ​သေးတာပါ
Low and Medium rise building ​တွေပဲ
အသုံးပြုလို့သင့်​​တော်​ပါ​သေးတယ်​ . .
ဒါကို ​သေချာသိထား မှတ်​ထားရပါမယ်​။
အနှစ်​ချုပ်​က​တော့
Base isolator ဆိုတာ အ​ဆောက်​အဦရဲ့
Flexibility နဲ့ Damping ကိုတိုး​စေပြီး
Seismic Performance တက်​​စေတာပါ
ငလျင်​က 6 RS နဲ့လာတာချင်းတူရင်
Fixed Based Building က ထိခိုက်​မှုများမယ်​ . .
Base Isolated Building က ထိခိုက်​မှုနည်းပါမယ်​ . .
ကျ​နော်​တို့ဆီမှာ ငလျင်​ဒဏ်​ခံ
အ​ဆောက်​အဦ​တွေဖြစ်​လာဖို့က​တော့
Client နဲ့ Non-engineer ​တွေဖက်​ကို
တော်​​တော်​​လေး Education ​ပေးရပါအုံးမယ်
ဗဟုသုတ တစ်​ခုခု ရကြမယ်​လို့
မျှော်​လင့်​လျက်​ . .
မျှ​ဝေတယ်​ဆိုတာ မင်္ဂလာတစ်​ပါးပါ
Credit -
Aung Myat Thu
Bachelor of Egineering(Civil),
Post Graduate(Structure),
Associate Member, YE-MES,
Associate ASEAN Engineer,
STG - JSCE, Aff. M-ASCE