Wednesday, September 19, 2018

ငလျင်​နှင့်​ပတ်​သက်​၍ (၂) - Seismic Base Isolation









"Seismic Base Isolation"
Earthquake ​ကြောင့်
Building မှာဖြစ်​လာတတ်​တဲ့ . .
ထိခိုက်​ပျက်​စီးမှု​တွေ နည်း​အောင်​ သုံးတဲ့
Advanced Technology . . ၂ ခုရှိပါတယ်
အဲ့ဒါ​တွေက . .
1- Base Isolation Devices
2-Seismic Dampers
တို့ ဖြစ်​ပါတယ်​။🎯
အဲ့ဒီ Technology - ၂ မျိုးကိုမသုံးလဲ . .
Seismic Resistant Building လုပ်​လို့ရပါတယ်​ . . မြန်​မာနိုင်​ငံမှာ သုံး​နေကျ
Moment Resisting Frame ​တွေသုံးမလား?
Shear wall ဒါမှမဟုတ်​ Bracing သုံးမလား?
Duel system လုပ်​မလား?
လုပ်​လို့ရပါတယ်​ . . ဒါ​ပေမယ့်
အဲ့ဒီ Building System ​တွေက
Main Structural Member ​တွေကို
အဓိက ကာကွယ်​တာပါ . . Non-structural member ​တွေဖြစ်​တဲ့ Brick walling ​တွေ . . Door & Windows ​တွေ နဲ့ M & E service ​တွေကို မကာကွယ်​ပါဘူး
Hospital လိုအ​ဆောက်​အဦ​တွေမှာ
ငလျင်​လှုပ်​ပြီးရင်​လဲ Non-structural element ​တွေက Functionable condition နဲ့ကျန်​ရပါမယ်​ . . မဟုတ်​ရင်​ ငလျင်​လှုပ်​ပြီး​တော့ ​ဆေးရုံမှာ​ဆေးကုဖို့ ဓာတ်​မှန်​ရိုက်​လို့ရမှာ မဟုတ်​ပါဘူး . .
Non-structural members ​တွေရဲ့
ထိခိုက်​ပျက်​စီးမှု ​လျော့နည်း​အောင်​လို့
Structure က Earthquake effects
ခံရမှု​လျော့နည်း​အောင်​ လုပ်​ဖို့အတွက်
Base isolator နဲ့ Seismic Damper ကို
တီထွင်​အသုံးပြု​ခဲ့ကြပါတယ်​ . .
အခု​အပိုင်းမှာပြောမှာက
Base Isolation အ​ကြောင်းပါ . .
Base Isolation လုပ်​တဲ့ concept ကို
ပုံ(A) ကိုကြည့်​ရုံနဲ့ သိနိုင်​ပါတယ်​ . .
Isolator တပ်​တယ်​ဆိုတာ
အ​ဆောက်​အဦကို fricitionless roller ​ပေါ် တင်​ထားသလိုမျိုးဖြစ်​​စေမှာပါ . .
Vertical gravity loads ​တွေကို​တော့
Transfer လုပ်​​ပေး​နေမယ်​ . .
Seismic လာရင်​ Roller ​တွေက ​ရွှေ့​နေပြီး
Building will not move with ground.
အ​ဆောက်​အဦက Earthquake ကို
% အနည်းငယ်​သာခံစားရ​တော့မှာပါ📇
ဒါနဲ့ Hypothetical Building ဆိုတာ
စိတ်​ကူးယဉ်​ပြီးကြည့်​လို့ရ​အောင်​ ပြတဲ့ပုံပါ
တကယ့်​အပြင်​မှာက Roller ဆိုတာထက်
Flexible pad ​လေး​တွေ တပ်​ဆင်​ပါတယ်
ကျ​နော်​ ဂျပန်​က KAJIMA မှာ​တွေ့ခဲ့ဖူးတဲ့
Flexible pad ရဲ့ဖွဲ့စည်းပုံက​တော့
၂ ​ပေ​ပတ်​လည်​လောက်​ အထူရှိတဲ့
Rubber အတုံးကြီးရဲ့အတွင်းထဲမှာမှ
Steel ထည့်​ပြီး Reinforce လုပ်​ပါတယ်
ပုံ (A) ​အောက်​​ခြေမှာပြထားတာမျိုးပါ . .
အဲ့ဒီ Flexible pad ​တွေကို isolator လို့​ခေါ်ပြီး အ့ဲဒါတပ်​ထားတဲ့အ​ဆောက်​အဦး​တွေကို​တော့ Base Isolated Building လို့​ခေါ်ပါတယ်​ . .
ဒါဆိုရင်​ Isolated Building နဲ့
Fixed Based Building ကိုရှင်းပြီးထင်​ပါတယ်​ . . ပုံ(C) ကိုကြည့်​လိုက်​ပါ📛
Isolatation လုပ်​တယ်​ဆိုတာ
Building ကို Ground နဲ့တဆက်​ထဲမဖြစ်​​အောင်​ (Isolator ဆိုတဲ့ ပစ္စည်းအလွှာ တစ်​လွှာထည့်​ပြီး) . . Building နဲ့ Ground motion ကို . .Detach လုပ်​လိုက်​တာ
ခွဲထားလိုက်​တာပါပဲ . .
ငလျင်​က Soil Layer အမျိုးမျိုးကို
ဖြတ်​ပြီး Building ကို​ရောက်လာတယ်​ . .
အဲ့မှာ Footing (သို့) Column ​တွေကို
Isolator တပ်​ထားလိုက်​ရင်​ Building နဲ့
Ground ကသက်​သက်​စီလိုဖြစ်​သွားမယ်​ . .
Ground motion ​က Super-structure ကို မ​ရောက်​​တော့ဘူး . . Isolator က Absorb လုပ်​လို့သူ့ဆီကိုပဲ အများဆုံး​ရောက်​သွားမယ်​ . . ပုံ (B) မှာကြည့်​ရင်​​တွေ့ပါမယ်
Isolator မှာပဲ Large Movement ဖြစ်​မယ်
Building မှာ Small movement ပဲဖြစ်​​တော့မယ်​ . . Damage နည်း​စေမယ်​ . .
ဒါက Isolator ရဲ့ အားသာချက်​ပါ . .
ပုံ(C) မှာ ပြထားသလို ပုံမှန်​ Ground နဲ့
တွဲ​ဆောက်​တဲ့အ​ဆောက်​အဦ​တွေမှာ ခံရတဲ့
Lateral Force ထက်​ 5 to 6 times
လောက်​ထိ ​လျော့နည်း​စေပါတယ်​ . .🔭
Isolator ​တွေကို 1980 ​လောက်​ကစပြီး
တီထွင်​အသုံးပြု​နေခဲ့ကြပါတယ်​ . .
International က​နေ အသိအမှတ်​ပြုပါတယ်​ . . အသုံးများဆုံးနိုင်​ငံ​တွေက
Italy, Japan, New Zealand နဲ့ USA ပါ
India နဲ့ China လဲ သုံးလာပါပြီ . ..
Isolator သုံးတဲ့အ​ဆောက်​အဦ
ကမ္ဘာတ၀န်း ၁ထောင်​ကျော်​ရှိ​နေပါပြီ . .
အများအားဖြင့်​ Hospital ​တွေမှာ
အဓိကသုံးပါတယ်​ . . ​ရှေး​ဟောင်း
Historic building/ structures ​တွေကို
Retrofitting လုပ်​ရာမှာလဲ သုံးပါတယ်
ဂျပန်​နိုင်​ငံ တိုကျိုမြို့ရဲ့ ဂုဏ်​​ဆောင်
Tokyo Station ကြီးကို Retrofitting
လုပ်​တုန်းကလဲ Footing ရဲ့​အောက်​​ခြေမှာ
Isolator ​တွေ ပြန်​တပ်​ထားခဲ့ကြပါတယ်
You tube မှာ BEGIN Japanology လို့ရှာကြည့်​ပါ
2011 မှာ Large Eaethquake in Japan
ဆိုတဲ့ Richter Scale 9.0 ရှိတဲ့ ငလျင်​လှုပ်​တာ​တောင်​ Tokyo Station ဟာ ဘာမှ မဖြစ်​ခဲ့ပါဘူး . .
အခုဆိုရင်​ ASEAN ​ဈေးကွက်​မှာပါ
Isolator ​တွေလဲဝယ်​လို့ရ​နေပါပြီ . .
မြန်​မာနိုင်​ငံမှာလဲ ဂျပန်​ကသာမက
ဖိလစ်​ပိုင်​ကပါ Isolator ​တွေအ​ကြောင်း
ခဏ ခဏလာ​ပြော​လေ့ရှိကြပါတယ်​ . .
ကျ​နော်​တို့အ​နေနဲ့မသုံး​သေးရင်​​တောင်
ဗဟုသုတ သိထားဖို့ လိုအပ်​ပါတယ်​ . .
ဒါမှသူတို့နဲ့ ယှဉ်​​ပြောနိုင်​မှာဖြစ်​ပါတယ်
Isolator ရဲ့အားနည်းချက်​ရှိပါတယ်
အဲ့ဒါက​တော့ Durable မဖြစ်​တာပါပဲ
Rubber နဲ့ Steel နဲ့​ပေါင်းစပ်​ထားတဲ့
Composite material ဖြစ်​တဲ့အတွက်
ပြန်​ပြီး​ဆွေးတတ်​ ပျက်​စီးတတ်​ပါတယ်
ဒါ​ကြောင့်​ ပြန်​စစ်​​ဆေးပြီး
လိုအပ်​ရင်​ ပြန်​လဲ​ပေးရပါမယ်​ . .
ကျ​နော်​ ဂျပန်​​လေ့လာ​ရေးခရီးစဉ်​တုန်းက
KAJIMA institute မှာ ​လေ့လာခွင့်​ရခဲ့တဲ့
Isolator ​တွေဟာ ၆ ထပ်​ RC တိုက်​ရဲ့ Basement Column ထိပ်​မှာတပ်​ထားတာပါ . . (ဒုတိယပုံ မှာပြထားပါတယ်​)
အဲ့ဒီမှာ ​မေးကြည့်​​တော့ Isolator ​တွေကို
၆ လ တစ်​ခါ စစ်​​ဆေးပြီး အသစ်​လဲတယ်​တဲ့
ဒီ ၆ ထပ်​တိုက်​ကြီးကို Hydraulic jet ​တွေနဲ့ 'မ'ပြီးလဲရတာလားဆို​တော့ ဟုတ်​တယ်​တဲ့ .
"It's not very difficult in Japan" လို့​ပြောပြပါတယ်​ . .
ဒီ​တော့ အသစ်​လဲ​ပေးရတာက အခက်​အခဲပါ
ဒီ​နေ့ MES မှာ Seminar လာလုပ်​တဲ့ ဂျပန်​က
T-BAGs isolation method က​တော့ အသစ်​ပါ . .သူကကျ​တော့ ၃ ထပ်​တိုက်​ကို
400mmx400mmx80mm Sand bag . . သဲအိတ်​​တွေနဲ့ Isolator အဖြစ်​ သုံးပြတယ်
သဲအိတ်​ဖြစ်​လို့ပြန်​လဲစရာသိပ်​မလိုဘူး . .
ဒါ​ပေမယ့်​ အမြင့်​ဆုံး ၅ထပ်​ပဲ အာမခံတယ်​🎯
နောက်​ထပ်​ Base-isolator ရဲ့အားနည်းချက်​က
Tall Building ​တွေအတွက်​ မရ​သေးတာပါ
Low and Medium rise building ​တွေပဲ
အသုံးပြုလို့သင့်​​တော်​ပါ​သေးတယ်​ . .
ဒါကို ​သေချာသိထား မှတ်​ထားရပါမယ်​။
အနှစ်​ချုပ်​က​တော့
Base isolator ဆိုတာ အ​ဆောက်​အဦရဲ့
Flexibility နဲ့ Damping ကိုတိုး​စေပြီး
Seismic Performance တက်​​စေတာပါ
ငလျင်​က 6 RS နဲ့လာတာချင်းတူရင်
Fixed Based Building က ထိခိုက်​မှုများမယ်​ . .
Base Isolated Building က ထိခိုက်​မှုနည်းပါမယ်​ . .
ကျ​နော်​တို့ဆီမှာ ငလျင်​ဒဏ်​ခံ
အ​ဆောက်​အဦ​တွေဖြစ်​လာဖို့က​တော့
Client နဲ့ Non-engineer ​တွေဖက်​ကို
တော်​​တော်​​လေး Education ​ပေးရပါအုံးမယ်
ဗဟုသုတ တစ်​ခုခု ရကြမယ်​လို့
မျှော်​လင့်​လျက်​ . .
မျှ​ဝေတယ်​ဆိုတာ မင်္ဂလာတစ်​ပါးပါ
Credit -
Aung Myat Thu
Bachelor of Egineering(Civil),
Post Graduate(Structure),
Associate Member, YE-MES,
Associate ASEAN Engineer,
STG - JSCE, Aff. M-ASCE


Saturday, August 4, 2018

အားလုံး Like and Share လုပ်ပေးပါဦး

TU Project show မှာ CE application ကိုချပြဖို့ floor plan 
တစ်ခုကို dimension တွေနဲ့ ထုတ်ထားပုံပါ
😍 CE ကို အားပေးကူညီချင်သူများ 
ဒီလင့်လေးကိုနှိပ်ပြီး
like ပေးသွားနိုင်ပါတယ်ဗျ https://m.facebook.com/photo.php?fbid=297047357508692&id=100016102903740&set=a.116044115609018.1073741828.100016102903740
Like အနည်းအများနဲ့ ပြိုင်ပွဲလည်း လုပ်ထားလို့
 ဖြစ်နိုင်ရင် အားလုံး ကူညီပြီး like နှိပ်ပေးစေချင်ပါတယ်ဗျ
ကျေးဇူးတင်ပါတယ်
ထွန်းအောင်ဖြိုး ( CE developer )

Tuesday, April 17, 2018

ဂျပန်နိုင်ငံ Kagoshima Prefecture မြို့တွင်လုပ်ကိုင်ရန်အတွက် ဒီတခါတော့ ယောင်္ကျားလေး နဲ့ မိန်းကလေး အင်ဂျင်နီယာ အလုပ်သစ်တစ်ခုဝင်ပါတယ်.. ပရီ အင်တာဗျူးက ၂၀၁၈၊ ဧပြီလ နောက်ဆုံးပတ်ထဲမှာ ရန်ကုန်မြို့ မှာ ကျင်းပမှာပါ။

ဂျပန်နိုင်ငံ Kagoshima Prefecture မြို့တွင်လုပ်ကိုင်ရန်အတွက် ဒီတခါတော့ ယောင်္ကျားလေး နဲ့ မိန်းကလေး အင်ဂျင်နီယာ အလုပ်သစ်တစ်ခုဝင်ပါတယ်.. ပရီ အင်တာဗျူးက ၂၀၁၈၊ ဧပြီလ နောက်ဆုံးပတ်ထဲမှာ ရန်ကုန်မြို့ မှာ ကျင်းပမှာပါ။

We’re going to hold next interview following schedule.
In this time, 3 Japanese steel structure companies will visit Myanmar and hold the interview.

1. Himegi Tekkou Co., Ltd

1st Interview: 6th May 2018 From 9 a.m.~
Final Interview: 8th May 2018 From 9 a.m.~

Occupation: Steel structure design engineer (Tekla Structure software) (Working in the Office)
Estimated number of person: 1~2 people

2. Ishibashi Co., Ltd

1st Interview: 6th May 2018 From 9 a.m.~
Final Interview: 9th May 2018 From 9 a.m.~

Occupation: Steel structure design (Real 4 software) , QC, measurement and UT engineer (Working in the Office and factory both)
Estimated number of person: 2~3 people

3. Chikuho Seisakusyo Co., Ltd

1st Interview: 6th May 2018 From 9 a.m.~
Final Interview: 9th May 2018 From 9 a.m.~

Occupation: QC, UT, measurement, assembly engineer (Working in the factory)
Estimated number of person: 2~3 people

အလုပ်နေရာအတွက်လိုအပ်ချက်
*******************
BE (Civil Engineering) သို့မဟုတ် Bachelor of Architecture စသည့်ဘွဲ့တစ်ခုခု ရရှိထားရမည်။

အသက် ၂၃ ~ ၃၀ နှစ်အတွင်း

Auto CAD 2D/3D တတ်ကျွမ်းထားရမည်

ဘာသာစကား - အင်တာဗျူးမှာ ဂျပန်စကားပြန်နဲ့ ကြားခံဗျူးမှာမို့ ဂျပန်စကားမတတ်သူများလည်းလျှောက်ထားနိုင်ပါတယ်။ (ဂျပန်နိုင်ငံမသွားမီ ဂျပန်ဘာသာစကားကို N3 Level အထိ သင်ယူအာင်မြင်ထားရပါမည်) ။ N3 လက်မှတ်ရရှိပါပြီးပါက ပညာသင်ဆု (စကောလားရှစ်) အနေဖြင့်မြန်မာငွေ ကျပ် (၃) သိန်းခန့် ပြန်လည်ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။

ဆက်ဆံရေးပြေလည်၍ ရိုးသားရမည်၊ Communication Skill & Leadership ကောင်းမွန်ရမည်။

ယခုဖော်ပြထားတဲ့ အလုပ်အတွက် ဂျပန်အလုပ်ရှင်သူဌေးများ ကိုယ်တိုင် လာရောက်ပြီး ဖိုင်နယ်အင်တာဗျူးက၂၀၁၈ မေလ (၈/၉) ရက်နေ့မှာ ကျင်းပမှာပါ။ စိတ်ဝင်စားပါက CV ဖောင်တစ်စုံနှင့်တကွ လာရောက်လျှောက်ထားနိုင်ပါတယ်။

မှတ်ချက်။ ။ ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်ခအဖြစ် နိုင်ငံတော်မှ တရားဝင်သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ ၂၈၀၀ ကျသင့်မှာဖြစ်ပြီး $ ၁၃၀၀ ကို ဂျပန်နိုင်ငံသို့ မထွက်ခွာမီ မြန်မာနိုင်ငံဖက်ပိုင်းမှာ ပေးချေရမှာဖြစ်ပြီး ကျန်ငွေ $ ၁၅၀၀ ကို ဂျပန်နိုင်ငံ ဘက်ခြမ်းမှာ အကြွေးစနစ်အဖြစ် လစဉ် $၃၀၀ ဖြင့် ၅ လခန့်ဖြတ်တောက်ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော်မှတဆင့်တရားဝင် အလုပ်သမား စမတ်ကဒ်ဖြင့်ဂျပန်နိုင်ငံသို့ တရားဝင် စေလွှတ်မည့်လိုင်စင်ရအေဂျင်စီဖြစ်ပါသည်။

Web Application: 11th April to 28th April 2018
1st screening by exam result: 30th April 2018
1st Interview for engineer who passed 1st screening: 6th May 2018
Final interview of Himegi Tekkou Co., Ltd: 8th May 2018
Final interview of Chikuho Seisakusyo Co., Ltd and Ishibashi Co., Ltd: 9th May 2018

All job vacancy occupation will be steel structure designer, inspection and Ultrasonic testing engineer.

this time totally 6 or 7 engineers will be employed from this interviews.

【Required condition】
・Degree: Bachelor degree of Architecture or civil engineering
・Age: 23 years old ~ 30 years old
・Sexuality : both male & female
・Skill : AUTO CAD 2D, 3D (required), Tekla (want)
・Language: English (fluent), Japanese (N3 or N4 level)
・Personality : Flexible, Communication skills, Honest, Leadership.

--
အသေးစိတ်ထပ်မံသိရှိလိုပါက ရုံးချိန် မနက် (၉) နာရီ မှ ညနေ (၅) နာရီ အတွင်း အောက်ပါလိပ်စာ / အထိုင်ဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ (တနင်္ဂနွေနေ့ပိတ်ပါသည်)။

အမှတ်- ၉၉ (မြေညီ), ၃၈ လမ်း (အောက်), (မဟာဗန္ဓုလလမ်း နှင့် ကုန်သည်လမ်း ကြား), ကျောက်တံတားမြို့နယ်, ရန်ကုန်မြို့။

၀၉ ၇၈၈ ၈၄၄ ၆၆၀ / ၀၉ ၃၁၂ ၈၃၉၁၉
၀၉ ၃၀၀ ၈၈၀၀၄ / ၀၉ ၃၁၀ ၅၈၆၀၃
၀၉ ၇၃၂ ၄၀၉၃၄ / ၀၉ ၇၃၀ ၉၅၆၈၄

Email: humanpower.mm@gmail.com


Credit
https://www.facebook.com/engrkophyoe/posts/369591533540719?notif_id=1523976801401856&notif_t=nf_share_story&ref=notif

Wednesday, April 4, 2018

Analysis of shear-wall structure

ကျောင်းမှာ သင်နေတဲ့ shear wall အခန်းပါ။ ဒီစာအုပ်ထဲမှာပါပါတယ်။
 လေ့လာချင်ရင် လေ့လာလို့ရအောင်တင်ပေးလိုက်ပါတယ် ။
 ကျောင်းပြီးသွားလို့ နောက်တစ်ချိန် Analysis နဲ့ ပတ်သက်တာတွေလေ့လာရင် ကိုယ်သင်ခဲ့ရတဲ့ စာတွေနဲ့ အနီးစပ်ဆုံးစာအုပ်တွေ စဖတ်တာပိုအဆင်ပြေမယ်ထင်ပါတယ် ။
 နောက်ပြီး edition တွေမှာ ဒီစာတွေပါတယ် ဆိုတာလည်း သတိထားမိအောင်ပါ ။

Download
အဆင်ပြေပါစေ
Htun Aung Phyoe


Saturday, March 31, 2018

Slab​သံ​အတွက်​ပေအရှည်တွက်နည်း ၂

Slab​သံ​အတွက် ​ပေအရှည်တွက်နည်း ၂

ပထမ ပုံသေနည်းက  သံချောင်း spacing ကို square ပဲတွက်လို့ရပါတယ်။
ခု ဒုတိယ ပုံသေနည်းက square ပဲဖြစ်ဖြစ် rectangular ပဲဖြစ်ဖြစ် တွက်လို့ရပါတယ်။

RFT= 12xA(S1+S2)/(S1xS2) ပါ၊၊
Unit- A=Area(BxL) က ​ft^2 ,
S1,S2= spacing က (in)

ဥပမာ

10x10 ပတ်လည်မှာ 6x4 လက်မခြားအတွက် လိုအပ်တဲ့ သံချောင်းပေအရှည်တွက်မည်ဆိုလျင်

12x(10x10)(6+4) / 6x4 = 500 ft  ဖြစ်ပါတယ်။



အားလုံးအဆင်ပြေပါစေ
ထွန်းအောင်ဖြိုး



Friday, January 26, 2018

Etabs 2016 (64 bit)


Link မသေခင် မြန်မြန်ဆွဲထားကျပါ ။

Download
Password = KoPhyoe

Thursday, January 8, 2015

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂) Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂) Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂)
Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။
၁) ကမ္ဘာပေါ်မှာ အမြင့်ဆုံး Steel Structure အဆောက်အဦဟာ 442m (1450ft)မြင့်ပြီး အထပ်ပေါင်း(၁၀၈)ထပ်ရှိပါတယ်။ American နိုင်ငံ Chicagoမြို့မှာရှိပြီး Willis Tower (formerly the Sears Tower)လို့ ခေါ်ပါတယ်။ သူ့ခေတ်သူအခါက အမြင့်ဆုံးအဆောက်အဦဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့အမြင့်ဆုံးအနေနဲ့ အဆင့်(၆)မှာရှိပြီးတော့ Steel Structure အဆောက်အဦထဲမှာတော့ အဆင့်(၁)ပါ။ ဒါဆို လေးထပ်ထက် ပိုဆောက်လို့ရမရ သိသာလောက်ပါပြီ။
၂) Steel Structure ကို High Rise Buildings သာမက သူ့ထက်ပိုမြင့်တဲ့ Skyscraper မိုးမျှော်အဆောက်အဦတွေအထိ ဆောက်လို့ရတာမှန်ပေမယ့် မြန်မာပြည်မှာတော့ စဉ်းစားရမယ့် အချက်တွေရှိနေပါတယ်။ အဲဒါတွေကတော့
၁. Steel structure နဲ့ပတ်သက်တဲ့ ပညာရပ်ပိုင်း၊ လုပ်ငန်းခွင်အတွေ့အကြုံအားနည်းမှု (လုပ်သားများနှင့် အင်ဂျင်နီယာများ အပါအ၀င်)
၂. Steel ရဲ့အားနည်းချက်တွေဖြစ်တဲ့ အပူဒဏ်(Temperature) ကြောင့် ခံနိုင်အား(Strength) ကျဆင်းမှု၊ သံချေးတက်မှု စတာတွေကို ကာကွယ်ကုသနိုင်မှု အားနည်းခြင်း
၃. အစိတ်အပိုင်း(Members) တွေတွဲဆက်တဲ့အသေးစိတ်ဒီဇိုင်း (Connection Detailings) အားနည်းခြင်း
၎. ဈေးကွက်မှာ Steelဆိုဒ်စုံမရနိုင်တဲ့ အားနည်းခြင်း
တို့ဖြစ်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy