Showing posts with label အယူအဆအလွဲများ. Show all posts
Showing posts with label အယူအဆအလွဲများ. Show all posts

Thursday, January 8, 2015

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂) Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂) Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂)
Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။
၁) ကမ္ဘာပေါ်မှာ အမြင့်ဆုံး Steel Structure အဆောက်အဦဟာ 442m (1450ft)မြင့်ပြီး အထပ်ပေါင်း(၁၀၈)ထပ်ရှိပါတယ်။ American နိုင်ငံ Chicagoမြို့မှာရှိပြီး Willis Tower (formerly the Sears Tower)လို့ ခေါ်ပါတယ်။ သူ့ခေတ်သူအခါက အမြင့်ဆုံးအဆောက်အဦဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့အမြင့်ဆုံးအနေနဲ့ အဆင့်(၆)မှာရှိပြီးတော့ Steel Structure အဆောက်အဦထဲမှာတော့ အဆင့်(၁)ပါ။ ဒါဆို လေးထပ်ထက် ပိုဆောက်လို့ရမရ သိသာလောက်ပါပြီ။
၂) Steel Structure ကို High Rise Buildings သာမက သူ့ထက်ပိုမြင့်တဲ့ Skyscraper မိုးမျှော်အဆောက်အဦတွေအထိ ဆောက်လို့ရတာမှန်ပေမယ့် မြန်မာပြည်မှာတော့ စဉ်းစားရမယ့် အချက်တွေရှိနေပါတယ်။ အဲဒါတွေကတော့
၁. Steel structure နဲ့ပတ်သက်တဲ့ ပညာရပ်ပိုင်း၊ လုပ်ငန်းခွင်အတွေ့အကြုံအားနည်းမှု (လုပ်သားများနှင့် အင်ဂျင်နီယာများ အပါအ၀င်)
၂. Steel ရဲ့အားနည်းချက်တွေဖြစ်တဲ့ အပူဒဏ်(Temperature) ကြောင့် ခံနိုင်အား(Strength) ကျဆင်းမှု၊ သံချေးတက်မှု စတာတွေကို ကာကွယ်ကုသနိုင်မှု အားနည်းခြင်း
၃. အစိတ်အပိုင်း(Members) တွေတွဲဆက်တဲ့အသေးစိတ်ဒီဇိုင်း (Connection Detailings) အားနည်းခြင်း
၎. ဈေးကွက်မှာ Steelဆိုဒ်စုံမရနိုင်တဲ့ အားနည်းခြင်း
တို့ဖြစ်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၁) Bored Pile Foundation နဲ့ဆောက်လုပ်ထားသဖြင့် ငလျှင်ဒဏ်ခံနိုင်သည်။

မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ
ကျွန်တော်တို့ မြည်မာပြည်က ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆတွေကို အချိန်ပေးရင်ပေးသလို တင်ပြသွားဖို့ ရည်ရွယ်ပါတယ်။ တချို့အယူအဆတွေကို တင်ပြရာမှာ အထောက်အထား အခိုင်အလုံနဲ့ သိတာတွေ ပါဝင်သလို တချို့ကြပြန်တော့ ကိုယ်တိုင်တွေးမြင် ယူဆတာတွေ ပါပါတယ်။ အဲ့တော့ အယူအဆအလွဲတွေကို တင်ပြတာမှာ ကျွန်တော့်အယူအဆတွေ လွဲမှားနေရင်လည်း ထောက်ပြဝေဖန်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၁)
Bored Pile Foundation နဲ့ဆောက်လုပ်ထားသဖြင့် ငလျှင်ဒဏ်ခံနိုင်သည်။
၁) အဆောက်အဦတစ်ခု ငလျှင်ဒဏ်ခံနိုင်အောင်ဆိုရင် ဖောင်ဒေးရှင်း၊ တိုင်၊ ထုတ်(Foundation, Column, Beam) စတဲ့ အဆောက်အဦရဲ့ အဓိကအစိတ်အပိုင်း(Structural Members) တွေအားလုံး ငလျှင်ဒဏ်ခံနိုင်အောင် ဒီဇိုင်းထုတ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။
၂) Bored Pile Foundation နဲ့ Foundation ပိုင်းကို တည်ဆောက်တယ်ဆိုရင်လည်း ငလျှင်ဒဏ်ကိုထည့်သွင်းစဉ်းစားတွက်ချက် တည်ဆောက်မှသာ ငလျှင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြစ်မှာပါ။ ဒါပေမယ့် ဒါဟာ Foundation ပိုင်းတစ်ခုတည်းသာဖြစ်ပြီး အဆောက်အဦတစ်ခုလုံး ငလျှင်ဒဏ်ခံအောင်အတွက် ကျန်တဲ့ အဓိကအစိတ်အပိုင်း(Structural Members) တွေ ဖြစ်တဲ့ တိုင်၊ ထုတ်(Column, Beam) စတာတွေလည်း ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်ဖို့ လိုအပ်ပါသေးတယ်။
၃) နောက်ပြီး Bored Pile Foundation တစ်ခုတည်းကသာ ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်နိုင်တာ မဟုတ်ပါ။ Isolated Footing (တစ်တိုင်တစ်ခွာ)၊ Combined Footing (နှစ်တိုင်၊ သုံးတိုင်တွဲ တစ်ခွာ)၊ Mat Foundation (တိုင်အားလုံးတွဲ ခွာ)၊ Pile Foundation (ပိုင်) အစရှိတဲ့ Foundation အမျိုးအစားတွေထဲကနေ အဆောက်အဦအထပ်အမြင့်နဲ့ မြေကြီးခံနိုင်ရည်ပေါ်မူတည်ပြီး မည်သည့် Foundation အမျိုးအစားကို သုံးသည်ဖြစ်စေ ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်ရင် ငလျှင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြစ်မှာပါ။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy