မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ
ကျွန်တော်တို့ မြည်မာပြည်က ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့
အယူအဆတွေကို အချိန်ပေးရင်ပေးသလို တင်ပြသွားဖို့ ရည်ရွယ်ပါတယ်။
တချို့အယူအဆတွေကို တင်ပြရာမှာ အထောက်အထား အခိုင်အလုံနဲ့ သိတာတွေ ပါဝင်သလို
တချို့ကြပြန်တော့ ကိုယ်တိုင်တွေးမြင် ယူဆတာတွေ ပါပါတယ်။ အဲ့တော့
အယူအဆအလွဲတွေကို တင်ပြတာမှာ ကျွန်တော့်အယူအဆတွေ လွဲမှားနေရင်လည်း
ထောက်ပြဝေဖန်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၁)
Bored Pile Foundation နဲ့ဆောက်လုပ်ထားသဖြင့် ငလျှင်ဒဏ်ခံနိုင်သည်။
၁) အဆောက်အဦတစ်ခု ငလျှင်ဒဏ်ခံနိုင်အောင်ဆိုရင် ဖောင်ဒေးရှင်း၊ တိုင်၊
ထုတ်(Foundation, Column, Beam) စတဲ့ အဆောက်အဦရဲ့
အဓိကအစိတ်အပိုင်း(Structural Members) တွေအားလုံး ငလျှင်ဒဏ်ခံနိုင်အောင်
ဒီဇိုင်းထုတ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။
၂) Bored Pile Foundation နဲ့
Foundation ပိုင်းကို တည်ဆောက်တယ်ဆိုရင်လည်း
ငလျှင်ဒဏ်ကိုထည့်သွင်းစဉ်းစားတွက်ချက် တည်ဆောက်မှသာ ငလျှင်ဒဏ်ခံ
ဖောင်ဒေးရှင်းဖြစ်မှာပါ။ ဒါပေမယ့် ဒါဟာ Foundation
ပိုင်းတစ်ခုတည်းသာဖြစ်ပြီး အဆောက်အဦတစ်ခုလုံး ငလျှင်ဒဏ်ခံအောင်အတွက်
ကျန်တဲ့ အဓိကအစိတ်အပိုင်း(Structural Members) တွေ ဖြစ်တဲ့ တိုင်၊
ထုတ်(Column, Beam) စတာတွေလည်း ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက်
တည်ဆောက်ဖို့ လိုအပ်ပါသေးတယ်။
၃) နောက်ပြီး Bored Pile Foundation
တစ်ခုတည်းကသာ ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်နိုင်တာ မဟုတ်ပါ။
Isolated Footing (တစ်တိုင်တစ်ခွာ)၊ Combined Footing (နှစ်တိုင်၊
သုံးတိုင်တွဲ တစ်ခွာ)၊ Mat Foundation (တိုင်အားလုံးတွဲ ခွာ)၊ Pile
Foundation (ပိုင်) အစရှိတဲ့ Foundation အမျိုးအစားတွေထဲကနေ
အဆောက်အဦအထပ်အမြင့်နဲ့ မြေကြီးခံနိုင်ရည်ပေါ်မူတည်ပြီး မည်သည့် Foundation
အမျိုးအစားကို သုံးသည်ဖြစ်စေ ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်ရင်
ငလျှင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြစ်မှာပါ။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy
No comments:
Post a Comment