အပြင်လူတွေသိတာက ( ငလျင်) ရဲ့ Magnitude ဖြစ်တဲ့ ရစ်တာစကေးဖြစ်ပါတယ်။ အပြင်လူတွေကို (ငလျင် ရဲ့ Intensity ဖြစ်တဲ့) ground acceleration နဲ့သွားပြောရင် မသိပါဘူး။
အဲတော့ အင်ဂျင်နီယာတွေ ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်တဲ့ (ငလျင် ရဲ့ Intensity ဖြစ်တဲ့) ground acceleration ကို အပြင်လူတွေသိတဲ့ ( ငလျင်ရဲ့ Magnitude ဖြစ်တဲ့ ) ရစ်တာစကေး နဲ့ ပြောပြနိုင်အောင် အဲဒီနှစ်ခု အကြမ်းဖျင်း ဘယ်လိုညီမျှတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ PE Structure အတွက် Reference စာအုပ်တစ်အုပ်ဖြစ်တဲ့ Michael R. Lindeburg ရေးတဲ့ "Seismic Design of Building Structures" စာအုပ်ကနေ ကူးယူဖော်ပြပေးတာပါ။

ငလျင် ရဲ့ magnitude & intensity အကြောင်းကိုလည်း အရင်ရေးဖူးတဲ့အထဲကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
ငလျင်ရဲ့ ပမာဏနဲ့ပြင်းအား (magnitude & intensity)
ရစ်တာစကေးဘယ်လောက် ဆိုတာ ငလျင်ရဲ့ ပမာဏ(magnitude) ကိုပြောတာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ ဥပမာ ၀ပ် ၄၀ မီးချောင်းဟာ နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။
intensity ဆိုတာက ငလျင်ဒဏ်ခံစားရမှုကို ပြဆိုပါတယ်။ မာကာလီ (Mercalli) နဲ့ပြမယ်၊ ground accelerationနဲ့ပြမယ်။ ဥပမာ ၀ပ် ၄၀ မီးချောင်း နဲ့ အနီးအဝေးပေါ် မူတည်ပြီး light intensity (lumens နဲ့တိုင်းတာ) ပြောင်းလဲနေပါတယ်။
တူညီတဲ့ ငလျင်မှာ ပမာဏ(magnitude) ဥပမာရစ်တာစကေးက တူညီပြီး၊ ငလျင်ဒဏ်ခံစားရမှု (intensity ) က အကွာအဝေးပေါ် လိုက်ပြီး မတူညီပါ။
ဒါကြောင့် ငလျင်ပြင်းအား ရစ်တာစကေး ဘယ်လောက်ခံနိုင်ပါတယ် ဆိုတာ အတိအကျ ပြောမရနိုင်ပါ။
Ref https://www.facebook.com/bobokyaw.mdy
No comments:
Post a Comment