Thursday, January 8, 2015

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၉)

Ground Beam & Ground Floor Slab Weight

မေး - etab မှာground floor ရဲ့Loading ကို first floor slab တွေလိုပဲတင်ရလားအစ်ကို
ဖြေ - Ground Floor slab weight ကို Ground beam ကို မထမ်းခိုင်းပါဘူး မြေကြီးကိုပဲ ထမ်းခိုင်းပါတယ်။ ဒါကြောင့် GF slab weight ကို GB ပေါ်တင်စရာမလိုပါ။ (Basement ပါလို့ဖြစ်ဖြစ်) GF slab ပါ သံချီရင်တော့ GF slab weight ကို GB ကို ထမ်းခိုင်းရမှာပါ

ဆက်စပ်မေးခွန်း
မေး - ground beam ကိုဘာအတွက်သုံးပါသလဲ ground floor မှာ only beam ဘဲသုံးပြီး slab အစားအရပ်ခေါ်ခဲကျိုးဘာလို့လောင်းပါသလဲ ဆရာ
ဖြေ - Ground beam ကို Ground Floor Level မှာ column တွေချုပ်ဖို့နဲ့ အုပ်ရိုးထမ်းဖို့အတွက် သုံးပါတယ်။ Ground Floor ကို Rc slab မလုပ်တာက Ground beam နဲ့ Footing ကို ဝန်မပိုစေချင်လို့ပါ။ Ground Floor ကြမ်းခင်း weight ကို အောက်က မြေကြီးကိုပဲ ထမ်းခိုင်းလိုက်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

No comments:

Post a Comment