Thursday, January 8, 2015

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၈)

Tension Failure & Compression Failure



မေး - concrete design အပေါ်မှာ လွှမ်းမိုးတယ့် tension failure နဲ့ compression failure တွေအကြောင်းကို သိလိုပါတယ်ခင်ဗျာ။ နောက်ပြီး tension control တို့ အကြောင်းတွေရောပါ့။ ဆိုလိုတာက design က tension control ဖြစ်ပြီဆိုရင် လက်ခံနိုင်တယ့် design ဖြစ်ပြီ ဆိုလို့ပါ။



ဖြေ - Beam တစ်ချောင်းကို သူရဲ့ carrying capacity အထိ loading တင်ကြည့်ရင် ပုံစံ(၂) မျိုးထဲက (၁)မျိုးနဲ့  Failure (ကျိုး) ဖြစ်နိုင်ပါတယ်။

ပထမတစ်မျိုးက (steel ratio  နည်းတဲ့အခါ အသင့်အတင့်ထည့်တဲ့အခါ) steel က အရင် yield ဖြစ်ပြီး နောက်မှ concrete က cracks တွေ ကျယ်ပြီး beam အောက်ခြေကနေ အပေါ်ထိ ပြန့်နှံ့ပြီး Failure ဖြစ်တာပါ။ ဒီလို Failure မျိုးကို Tension Failure လို့ခေါ်ပါတယ်။

ဒုတိယတစ်မျိုးက ( (steel ratio  ထည့်တာများတဲ့အခါ) steel yield မဖြစ်ခင် concrete က strain အရမ်းများပြီး ခံနိုင်ရည်အရင်ကုန်သွားပါတယ်။ အဲနောက်မှ steel က မခံနိုင်လို့ (ကျိုး) Failure ဖြစ်တဲ့အခါ Warning Sign မပြနိုင်ပဲ Failure ဖြစ်ပါတယ်။ ဒီလို Failure မျိုးကို Compression Failure လို့ခေါ်ပါတယ်။



Compression Failure က  Warning Sign မပြတဲ့အတွက် Tension Failure ကိုပဲ ရွေးချယ်ကြပါတယ်။



Steel က အရင် yield ဖြစ်မဖြစ် (Tension Failure လား  Compression Failure လား) ဆိုတာကို Balanced Steel Ratio နဲ့ဆုံးဖြတ်ပါတယ်။ Balanced Steel Ratio မှာ Steel က yield ဖြစ်တာနဲ့ concrete က သူ့ရဲ့ compressive strain limit ဖြစ်တဲ့ 0.003 ကို ရောက်တာတို့ တပြိုက်နက် ဖြစ်ပါတယ်။

ဒါကြောင့် တကယ်ထည့်တဲ့ Steel ratio က Balanced Steel Ratio ထက် ညီတာနဲ့ ငယ်တာဆိုရင် Tension Failure  ဖြစ်ပါတယ်။

Balanced Steel Ratio ထက် များတာဆိုရင်တော့ Compression  ဖြစ်ပါတယ်။



စာလေးမှာဆိုးလို့ Theory လျော့ပြီး အများနားလည်လွယ်အောင် ကြိုးစားရေးထားပါတယ်။ အသေးစိပ်ဖတ်ချင်သူများ Beam အခန်းမှာပြန်ဖတ်ပေးကြပါ။ ဖတ်ပြီး ဆွေးနွေးလိုပါက comment box မှာဆွေးနွေးနိုင်ပါတယ်။

(ဗိုလ်ဗိုလ်ကျော်)

No comments:

Post a Comment