




နောက်ပိုင်းလူ့ယဉ်ကျေးမှုများထွန်းကားလာသောအချိန်တွင် တံတားအတတ်ပညာသည်လည်း မြင့်တက်လာခဲ့ပြီးသစ်ဖြင့်တံတားထိုးခြင်း၊ အုတ်ဖြင့် တံတားထိုးခြင်းတို့ကိုဆောင်ရွက်လာကြပါသည်။ ကမ္ဘာပေါ်တွင် ယူဖရေးတီး(စ်)နှင့် တိုက်ဂရစ်မြစ်ဝှမ်းဒေသများတွင် အစောဆုံး မြစ်ချောင်းများကို ဖြတ်၍ တံတားထိုးခဲ့ကြပြီး မြန်မာနိုင်ငံတွင် ဗိဿ နိုးခေတ်၊ ပျူခေတ်များမှစ၍ အုတ်ဖြင့် တံတားတည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြသည်။
ရောမခေတ် BC ၇၀ခန့်တွင် သဘာဝပိုလိုဇန်ကို ထုံး၊ ရေတို့ဖြင့်ရောစပ်ပြီးကျောက်တုံးများဖြင့် Arch Bridge များတည်ဆောက်ခဲ့ကြသည်။ ယခုတိုင် Rome တွင် ရှေးဟောင်းတံတား (၆)စင်းကိုထိန်းသိမ်းထားရှိပါသည်။

BC 27 က တည်ဆောက်ခဲ့သော Italy နိုင်ငံ Rimini မြို့ရှိ Ponte de Tiberio Bridg

၁၁၇၆ ခုနှစ်ကတည်ဆောက်ခဲ့သော Old London Bridge

၁၃၃၃ ခုနှစ်ကတည်ဆောက်ခဲ့သောဆွစ်ဇာလန်နိုင်ငံ ၊ လူဇန်မြို့ရှိ Charpel Bridge (204m Long)

၁၃၀၈ ခုနှစ်ကတည်ဆောက်ခဲ့သော ပြင်သစ်နိုင်ငံမှ Pont Valentreတံတား

၁၅၉၁ ခုနှစ်ကတည်ဆောက်ခဲ့သောအီတလီနိုင်ငံဗင်းနစ်မြို့ရှိ Rialto Bridge

၁၅၇၈ ခုနှစ်ကတည်ဆောက်ခဲ့သော ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိ Pont Neufတံတား

၁၇၅၀တွင် တည်ဆောက်ခဲ့သောလန်ဒန်မြို့ရှိ Westminster Bridge
(သံမဏိများစတင်၍ ထည့်သွင်းအသုံးပြုခဲ့သောတံတား)

၁၈၄၅ ခုနှစ်၊ ဂျာမဏီနိုင်ငံGottash Valley တွင် တည်ဆောက်ထားသော Arch Bridge
(reinforcing bar ကို စတင်၍ ထည့်သွင်းထားပါသည်)
လူတို့၏ ယဉ်ကျေးမှုများမြင့်တက်လာသည်နှင့်အမျှ တံတားအတတ်ပညာ တို့သည်လည်း မြင့်မားလာခဲ့ပါသည် ။ ထို့ပြင် ………
No comments:
Post a Comment