Thursday, January 8, 2015

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂) Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂) Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂)
Steel Structure အဆောက်အဦများသည် လေး၊ ငါးထပ်ထက် ပိုဆောက်လို့ မသင့်ပါ။
၁) ကမ္ဘာပေါ်မှာ အမြင့်ဆုံး Steel Structure အဆောက်အဦဟာ 442m (1450ft)မြင့်ပြီး အထပ်ပေါင်း(၁၀၈)ထပ်ရှိပါတယ်။ American နိုင်ငံ Chicagoမြို့မှာရှိပြီး Willis Tower (formerly the Sears Tower)လို့ ခေါ်ပါတယ်။ သူ့ခေတ်သူအခါက အမြင့်ဆုံးအဆောက်အဦဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့အမြင့်ဆုံးအနေနဲ့ အဆင့်(၆)မှာရှိပြီးတော့ Steel Structure အဆောက်အဦထဲမှာတော့ အဆင့်(၁)ပါ။ ဒါဆို လေးထပ်ထက် ပိုဆောက်လို့ရမရ သိသာလောက်ပါပြီ။
၂) Steel Structure ကို High Rise Buildings သာမက သူ့ထက်ပိုမြင့်တဲ့ Skyscraper မိုးမျှော်အဆောက်အဦတွေအထိ ဆောက်လို့ရတာမှန်ပေမယ့် မြန်မာပြည်မှာတော့ စဉ်းစားရမယ့် အချက်တွေရှိနေပါတယ်။ အဲဒါတွေကတော့
၁. Steel structure နဲ့ပတ်သက်တဲ့ ပညာရပ်ပိုင်း၊ လုပ်ငန်းခွင်အတွေ့အကြုံအားနည်းမှု (လုပ်သားများနှင့် အင်ဂျင်နီယာများ အပါအ၀င်)
၂. Steel ရဲ့အားနည်းချက်တွေဖြစ်တဲ့ အပူဒဏ်(Temperature) ကြောင့် ခံနိုင်အား(Strength) ကျဆင်းမှု၊ သံချေးတက်မှု စတာတွေကို ကာကွယ်ကုသနိုင်မှု အားနည်းခြင်း
၃. အစိတ်အပိုင်း(Members) တွေတွဲဆက်တဲ့အသေးစိတ်ဒီဇိုင်း (Connection Detailings) အားနည်းခြင်း
၎. ဈေးကွက်မှာ Steelဆိုဒ်စုံမရနိုင်တဲ့ အားနည်းခြင်း
တို့ဖြစ်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၁) Bored Pile Foundation နဲ့ဆောက်လုပ်ထားသဖြင့် ငလျှင်ဒဏ်ခံနိုင်သည်။

မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ
ကျွန်တော်တို့ မြည်မာပြည်က ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆတွေကို အချိန်ပေးရင်ပေးသလို တင်ပြသွားဖို့ ရည်ရွယ်ပါတယ်။ တချို့အယူအဆတွေကို တင်ပြရာမှာ အထောက်အထား အခိုင်အလုံနဲ့ သိတာတွေ ပါဝင်သလို တချို့ကြပြန်တော့ ကိုယ်တိုင်တွေးမြင် ယူဆတာတွေ ပါပါတယ်။ အဲ့တော့ အယူအဆအလွဲတွေကို တင်ပြတာမှာ ကျွန်တော့်အယူအဆတွေ လွဲမှားနေရင်လည်း ထောက်ပြဝေဖန်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

မြည်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၁)
Bored Pile Foundation နဲ့ဆောက်လုပ်ထားသဖြင့် ငလျှင်ဒဏ်ခံနိုင်သည်။
၁) အဆောက်အဦတစ်ခု ငလျှင်ဒဏ်ခံနိုင်အောင်ဆိုရင် ဖောင်ဒေးရှင်း၊ တိုင်၊ ထုတ်(Foundation, Column, Beam) စတဲ့ အဆောက်အဦရဲ့ အဓိကအစိတ်အပိုင်း(Structural Members) တွေအားလုံး ငလျှင်ဒဏ်ခံနိုင်အောင် ဒီဇိုင်းထုတ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။
၂) Bored Pile Foundation နဲ့ Foundation ပိုင်းကို တည်ဆောက်တယ်ဆိုရင်လည်း ငလျှင်ဒဏ်ကိုထည့်သွင်းစဉ်းစားတွက်ချက် တည်ဆောက်မှသာ ငလျှင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြစ်မှာပါ။ ဒါပေမယ့် ဒါဟာ Foundation ပိုင်းတစ်ခုတည်းသာဖြစ်ပြီး အဆောက်အဦတစ်ခုလုံး ငလျှင်ဒဏ်ခံအောင်အတွက် ကျန်တဲ့ အဓိကအစိတ်အပိုင်း(Structural Members) တွေ ဖြစ်တဲ့ တိုင်၊ ထုတ်(Column, Beam) စတာတွေလည်း ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်ဖို့ လိုအပ်ပါသေးတယ်။
၃) နောက်ပြီး Bored Pile Foundation တစ်ခုတည်းကသာ ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်နိုင်တာ မဟုတ်ပါ။ Isolated Footing (တစ်တိုင်တစ်ခွာ)၊ Combined Footing (နှစ်တိုင်၊ သုံးတိုင်တွဲ တစ်ခွာ)၊ Mat Foundation (တိုင်အားလုံးတွဲ ခွာ)၊ Pile Foundation (ပိုင်) အစရှိတဲ့ Foundation အမျိုးအစားတွေထဲကနေ အဆောက်အဦအထပ်အမြင့်နဲ့ မြေကြီးခံနိုင်ရည်ပေါ်မူတည်ပြီး မည်သည့် Foundation အမျိုးအစားကို သုံးသည်ဖြစ်စေ ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်ရင် ငလျှင်ဒဏ်ခံ ဖောင်ဒေးရှင်းဖြစ်မှာပါ။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

အကြီးတန်း လိုင်စင် အင်ဂျင်နီယာ မေးခွန်းနှင့် အဖြေများ – ဒုတိယအကြိမ်

အကြီးတန်း လိုင်စင် အင်ဂျင်နီယာ မေးခွန်းနှင့် အဖြေများ – ဒုတိယအကြိမ်



ကျွန်တော် ဒီစာအုပ်ကို ပထမအကြိမ် ထုတ်ဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစာအုပ်မှာ မေးခွန်းလေးခုကို မဖြေပေးခဲ့ပါဘူး။ ကျွန်တော်လည်း အဲဒီအချိန်တုန်းက မသိသေးလို့ ချန်ထားပြီး ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ ယခု အကြိမ်မှာတော့ မေးခွန်းများကို ပြည့်ပြည့်စုံစုံ ဖြေပေးထားပြီး ထုတ်ဝေလိုက်ပါတယ်။ ပထမ အကြိမ်မှာ ဖြေမထားတဲ့ မေးခွန်းတွေကတော့ -
= What is black cotton soil?
Black cotton soils are shrinkage soils and it is very difficult to design foundation because the structure erected on such soils crack terribly. Black cotton soil experiences volumetric changes due to changed atmospheric conditions. It swells in wet condition and shrinks in dry atmosphere.
= What is the object of curing?
The object of curing is to prevent loss of moisture from the concrete due to the evaporation and other reasons. The fresh laid concrete should be prevented from direct sun-rays and hot winds to avoid rapid drying. It should also be protected from any type of shocks or stresses due to loads or vibrations.
= What is a water cement ratio?
It is the ratio of water to the quantity of cement used in a concrete or motar mix by volume or weight. Water-cement ratio should be as low as possible so that number of pores is reduced to minimum and thus increasing its durability.
= What are the expansion and contraction joints and why these are necessary?
Due to variations in temperatures, the concrete undergoes expansion and contractions. As such deflection in supports is caused due to expansion and contraction of concrete which may prove fatal to the safety of structure. To avoid this, expansion and contractions joints are provided to the concrete which should be water tight as well as should allow free movement.
ဒီမေးခွန်း လေးခုပဲ ဖြစ်ပါတယ်။
ဒီ ဒုတိယအကြိမ်စာအုပ်မှာတော့ စာအုပ်ကို ဒေါင်းလုပ် လင့်ခ်၊ ဖြည့်စွက်စာ နဲ့ တစ်အုပ်လုံးကို ဓာတ်ပုံ လုပ်ပြီး တစ်ပါတည်း တင်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ စာအုပ်ကို ဒေါင်းလုပ် လုပ်ပြီးသူတွေအနေနဲ့ ယခု စာအုပ်ကို ဒေါင်းလုပ် လုပ်တာ အဆင်မပြေရင် အပေါ်မှာ တခါတည်း ဖြေထားတဲ့ မေးခွန်း အဖြေ ဖြည့်စွက်ချက်များကို Screenshot ရိုက်ပြီး သိမ်းနိုင်ပါတယ်။ ဒါမှမဟုတ် စာအုပ်ကို ဒေါင်းလုပ် လုပ်တာ အဆင်မပြေလို့ ဓာတ်ပုံတွေကို ကြည့်ပြီးလဲ Save လုပ်ပြီး သိမ်းထားနိုင်ပါတယ်။ နောက်ဆုံး အနေနဲ့ ယခု ဒုတိယအကြိမ် မြောက် စာအုပ်ကို ဒေါင်းလုပ် လုပ်ပြီး သိမ်းထားချင်သူတွေအတွက်တော့ -
http://www.mediafire.com/?s3lqujhbl3yzirb
https://app.box.com/s/42whmaib71k30lms52pa
အပေါ်က လင့်ခ် တစ်ခုခုကနေ ဒေါင်းလုပ် လုပ်ပြီး သိမ်းထားနိုင်ပါကြောင်း။
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။
#XawLynn

အကြီးတန်း လိုင်စင် အင်ဂျင်နီယာ စာမေးပွဲ ဖြေဆိုမည့် သူများအတွက်

အကြီးတန်း လိုင်စင် အင်ဂျင်နီယာ စာမေးပွဲ ဖြေဆိုမည့် သူများအတွက်


ယခု လာမည့် အကြီးတန်း လိုင်စင် အင်ဂျင်နီယာ စာမေးပွဲ ဖြေဆိုမည့် သူများအတွက် လိုအပ်သည့် စာအုပ်များနှင့် ၂၀၁၄ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် အကြီးတန်း လိုင်စင် အင်ဂျင်နီယာ မေးခွန်းဟောင်း စာအုပ်များကို အောက်ဖော်ပြပါ Mediafire နှင့် Dropbox လင့်ခ်များမှ တစ်ဆင့် ဒေါင်းလုပ် လုပ်နိုင်ပြီ ဖြစ်ပါသည်။ ဒေါင်း လုပ် လုပ်ရာတွင် အဆင်မပြေမူများ ရှိပါက ကော်မန့်ပေးပြီး မေးမြန်းနိုင်ပါသည်။

1. ၂၀၁၄ ခုနှစ် မက်လတွင် ကျင်းပခဲ့သည် အကြီးတန်း လိုင်စင်အင်ဂျင်နီယာ စာမေးပွဲ မေးခွန်းနှင့် အဖြေများ
http://www.mediafire.com/view/?398gk8ijywf3936
https://db.tt/PZ2XejkR
2. CQHP Guideline for Civil Works
http://www.mediafire.com/view/?sbpba859fpp3k5m
https://db.tt/sibgRSjD
3. CQHP Guideline for Construction
http://www.mediafire.com/view/?5whtxuzitccsoyo
https://db.tt/SitmQ3KL
4. CQHP Guideline for Sanitary
http://www.mediafire.com/view/?nds6398diasj6re
https://db.tt/yEdAFhsu
5. Refresher Course and Field Manual for Site Engineers and Site Inspectors
http://www.mediafire.com/view/?3g8vzdign9xddwa
https://db.tt/9FEzQzNl
6. လိုင်စင် အင်ဂျာနီယာ မှတ်စုများ (စည်ပင် ဥပဒေများ)
http://www.mediafire.com/view/?5lc5l8pvq2p7ha5
https://db.tt/KBqBrqU2

အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)

အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)

(၁)ဒီဇယ်အင်ဂျင် (ဦးအုန်းမြင့် (စက်မှုအင်ဂျင်နီယာ-စွမ်းအား))
http://www.mediafire.com/download/1v9iekjb00vh0nc/U_Ohn_Myint_diesel_.pdf
(၂)အေစီ မှ ဒီစီသို့ နှင့် ဒီစီမှ အေစီသို့ (ဦးအုန်းမြိုင်-[လျှပ်စစ်])
http://www.mediafire.com/download/vkb2pl14qq7vbis/AC_to_DC_-U_Ohn..(onairmm).pdf
(၃)ရာစုသစ်အခြေခံအီလက်ထရွန်းနစ် (၀င်းထက်ဝင်း)(စ/ဆုံး)
http://www.mediafire.com/?7oq5yn190wlceu6
(၄)Learning Autocad 2010 (အောင်ဇော်လတ်)
အပိုင်း (၁)
http://www.mediafire.com/?c5a8hjh0w876ddh
အပိုင်း (၂)
http://www.mediafire.com/?vn98mvlrauxpmlj
အထက်ပါစာအုပ်များနှင့် တွဲလေ့လာရန် Work File
http://www.mediafire.com/?asdb6q21f1r034n
(၅)ခေတ်မီသံပန်းသံတံခါးပုံစံများစာအုပ်
http://www.mediafire.com/download/5aum5ju2idr24ux/thanpandesigns.pdf
(၆)လေကြောင်းပညာသိချင်စရာ (လေသူရဲတစ်ဦး)
http://www.mediafire.com/download/ea97ap7xc5jm9pp/laykyaungpyinyar.pdf
(၇)ခေတ်မီမော်တော်ယာဉ်ဆိုင်ရာ လျှပ်စစ်နည်းပညာများ (မင်းသိန်း-စက်မှု)
( part 1)
http://www.mediafire.com/download/dcn9hmasdxx37le/Electricaltechformotorcar_(part1).pdf
( part2)
http://www.mediafire.com/download/6nosonia5qvgfif/
(၈)နှိုက်နှိုက်ချွတ်ချွတ်ခေတ်ပေါ်မော်တော်ကားထိန်းသိမ်းနည်းလက်စွဲ (ဒိုဂျေဆန်း)
http://www.mediafire.com/download/256r47t46jwqa90/JDOSAN_(part1).pdf
http://www.mediafire.com/download/zha3ae19nqf8g2k/JDOSAN_(part2).pdf
(၉)လျှပ်စစ်အင်ဂျင်နီယာလက်စွဲ လုပ်ငန်းခွင်သုံးလက်တွေ့ပြစ်ချက်ရှာဖွေနည်းများ (ဦးကိုကိုလေး)
http://www.mediafire.com/download/80nznkyw5vo5bg1/UKOKOLAy.pdf
(၁၀)ဂြိုလ်တုစလောင်းတပ်ဆင်နည်းနှင့်ကျူးနစ်ကုတ်ဒ်နံပါတ်များ (ဦးသန်းဆင့်-နေလင်းအီလက်ထရွန်းနစ်)
http://www.mediafire.com/download/8vi29q8idd88786/Satellite.pdf
(၁၁)အဆောက်အအုံလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာလက်စွဲ
http://www.mediafire.com/download/kh3jwkxbm88ziyd/building_engineering.pdf
မူရင်း= http://bluenavyblog.blogspot.com/2013/11/blog-post_19.html

RC Column Strength Design (အခြေခံအတွက်သာ)

RC Column Strength Design (အခြေခံအတွက်သာ)

RC Column Strength Design (အခြေခံအတွက်သာ)
--------------------------------------------------------------

10"x10" အရွယ်ရှိ RC တိုင်ထဲတွင် 5/8" အချင်းရှိသော သံချောင်း လေးချောင်းထည့်ထားသည်။
ကွန်ကရစ်တိုင်၏ ခံနိုင်အားကို ရှာပါ။
f'c=2500psi, fy=40000psi
(ကျွန်တော်ကတော့ ဖော်ပြပါ f'c နဲ့  fy တန်ဖိုးကို လက်ရှိ အထပ်နိမ့် ကန်ထရိုက်တိုက်များအတွက်
ခံနိုင်အားတွက်ချက်ရာတွင် အကြမ်းဖျင်းယူဆပြီး တွက်ချက်ပါသည်။)

P= RC တိုင်၏ခံနိုင်အား
်fc=ကွန်ကရစ် အမှန်တကယ်အလုပ်လုပ်သော ခံနိုင်အား (fc=0.45f'c ဖြစ်သည်။)
f'c= ပြိုကွဲသည်အထိ ကွန်ကရစ်၏ ခံနိုင်အားကုန်
fs=သံချောင်း၏ အမှန်တကယ် အလုပ်လုပ်နိုင်သော ဆွဲဆန့် ခံနိုင်အား
(ကျွန်တော်ကတော့် ကတော့ fs=20000psi ဖြင့် ယူဆပြီးတွက်လေ့ရှိသည်။)
fy=သံချောင်း၏ ဆွဲဆန့် ခံနိုင်အားကုန် ပြတ်ထွက်သည်အထိ
(ဆရာတစ်ယောက်ကတော့ အကြမ်းဖျင်းအားဖြင့် fs=2/3fy ရှိသည်ဟု
ပြောဖူးသည် အတိအကျတော့ မဟုတ်ပါ)
Ac=ကွန်ကရစ် ဧရိယာ
As=သံချောင်များ၏ ဧရိယာ
Ag=ကွန်ကရစ်နှင့်သံချောင်း မျက်နှာပြင် စုစုပေါင်း(Ag=Ac+As)

၁။Working Stress Design
ပထမဆုံး RC တိုင်၏ ခံနိုင်အားကို ရိုးရိုးပဲတွက်ကြည့် ဦးမည်။

P=Acfc+Asfs
=(10x10-4x.31)1125+4x.31x20000 (fc=0.45x2500)
=111105+24800
=135905 Lb/2240
=60.67 ton

အခု design strength ရအောင်တွက်မည်။
Design of Reinforced Concrete Structures by George Winter စာအုပ်ထဲက
RC Column Design Strength ပုံသေနည်း ဖြင့်တွက်ပါက
P=0.18f'cAg+0.8Asfs
=(0.18x2500x100)+(0.8x4x.31x20000)
=45000+19840
=64840Lb/2240
=28.95 ton
ဖော်ပြပါ Method တွင် h/t တန်ဖိုး 10 ထက်ကျော်ပါက ခံနိုင်အားကို
လျော့ရမည်ဟု ဆိုထားသည်။
h= RC တိုင် အမြင့်
t= အသေးဆုံးအတိုင်းအထွာ

ဥပမာတိုင် အမြင့် 12 ပေ ရှိသည်ဆိုပါစို့ ။
h/t=144/10 =14.4 (10 ထက်ကျော်သည် ခံနိုင်အား လျော့ချရမည်။)
လျော့ချရန် ပုံသေနည်း
P=P'(1.3-0.03h/t)
=28.95(1.3-0.03x14.4)
=25.13 ton

ထို့ ကြောင့် မူလက 28.95ton ခံနိုင်သော RC တိုင်သည်
h/t အချိုး 10ကျော်သွားသဖြင့် 25.13 ton သာ ခံနိုင်ပါတော့သည်။

၂။Ultimate Design
ဒီ Method ကိုတော့ စာဖတ်သူများ အကျွမ်းတ၀င် ရှိမည်ဟုထင်ပါသည်။
ဦးညီလှငယ်၏ Field Reference Manual for Site Engineers and Inspectors စာအုပ် ထဲက
RC Column Design Strength ပုံသေနည်း ဖြင့်တွက်ပါက

P=0.52(0.85f'cAc+Asfy)
=0.52(0.85x2500x98.76+4x.31x40000)
=134921.8Lb/2240
=60.23ton

အခုဆက်ပြီး Working Stress Design နဲ့ Ultimate Design
ကွာခြားပုံကို ဆက်ပြောချင်ပါတယ်။
Working Stress Design ရဲ့ အားသားချက်က တွက်ရတာ
ပိုလွယ်ကူပါတယ် safe ပို ဖြစ်ပါတယ်။
အားနည်းချက်ကတော့ ကုန်ကျစရိတ် ပိုများပါတယ်။
Ultimate Design ကတော့ ကုန်ကျစရိတ်ပို သက်သာအောင် concrete နဲ့ 
သံချောင်းတို့ ရဲ့ ultimate တန်ဖိုးကို အသုံးချ တွက်ချက်တာဖြစ်ပါတယ်။
အပေါ်က တွက်ချက်ထားတဲ့ ခံနိုင်အားကို စစ်ကြည့်ပါ
(Working Stress Design နဲ့ တွက်တုန်းက 28.95 ton ပဲခံမယ့် RC တိုင်က
Ultimate Design နဲ့ တွက်ချက်ကြည့်ရာ 60.23ton ခံနိုင်တယ်လို့  ယူဆလို့ ရပါတယ်)
ဒီဘက်ခေတ်မှာတော့ Ultimate Design ကိုသာ အသုံးများပါတော့တယ်။

ဖော်ပြပါ RC တိုင်သည် retangular ဖြစ်ပြီး အခုတွက်ချက်ဖော်ပြမှုသည်
compressive load ခံနိုင်အား သီးသန့် ကိုသာ တွက်ချက်ဖော်ပြခြင်းဖြစ်ပါသည်။
shear နှင့် tension မပါသေးပါ။

calculation ပိုင်းတွင် အမှားအယွင်းပါပါက ခွင့်လွတ်ပေးစေလိုပါသည်။
ကျွန်တော်အခု RC Column Design & Analysis အတွက် Android Application ရေးထားပါသည်။
Ultimate Design ကိုသာ အသုံးပြုထားပါသည်။
File Size က KB အဆင့်ပဲ ရှိပါသည်။ စိတ်ဝင်စားပါက http://mmewp.org/?p=439 တွင် Download ဆွဲနိုင်ပါသည်။
အသုံးမပြုမီ အင်္ဂလိပ်လိုဖော်ပြထားသော အညွန်းစာများကို သေချာ ဖတ်စေလိုပါသည်။

ဂျူနီယာ တစ်ယောက်ဖြစ်သဖြင့် အမှားအယွင်းများပါပါက သည်းခံခွင့်လွတ်စေလိုပါသည်။
စီနီယာများ၏ လမ်းညွန်မှုကိုလည်း ခံယူလိုပါသည်။
ဂျူနီယာများ၏ ဝေဖန်မှုကိုလည်း ကြားလိုပါသည်။

အချိန်ရရင် RC Beam Design အကြောင်းဆက်ရေးပါဦးမည်။

မှီငြမ်း - Design of Reinforced Concrete Structures by George Winter
Field Reference Manual for Site Engineers and Inspectors
by U Nyi Hla Nge
Online Wikipedia

Written by Engr Tin Ko Ko (Founder @ Myanmar Engineering Web Portal)

အထူးသတိပြုရန်

Ko Bobo Kyaw's Comment

(ဒီ Formula က axial load ကို (0.1h) coln အနားရဲ့ 10% ထိပဲ Eccentric လွဲခွင့်ရှိပါတယ်။ Moment ကို pu x 0.1h အထိပဲ ရှိလို့ရတယ်လို့ဆိုလိုပါတယ်။ တကယ့် အဆောက်အဦတွေမှာတော့ Moment က ဒီပမာဏထက်များမှာဖြစ်ပါတယ်။ Lateral load ပါတဲ့ seismic နဲ့ wind ပါလာရင် ပိုများပါမယ်။ coln loading ကို catchment areas နဲ့ တွက်ပြီး ဒီ Formulas တွေအတိုင်းတွက်ပြီး သုံးမိမှာစိုးလို့ သတိပေးတာပါ။ Moment မရှိနိုင်တဲ့ structure မျိုးမှာတော့ ဒီအတိုင်းတွက်ပြီးသုံးနိုင်ပါတယ်)

Steel Beam Theory Method ဖြင့် RC Beam Design ပြုလုပ်ခြင်း

Steel Beam Theory Method ဖြင့် RC Beam Design ပြုလုပ်ခြင်း

Steel Beam Theory Method ဖြင့် RC Beam Design ပြုလုပ်ခြင်း
(အခြေခံ ဗဟုသုတလေးပါ)
-----------------------------------------------------------------------

ဖော်ပြထားတဲ့ပုံကို Steel Beam Theory Method နဲ့  RC Beam Design လုပ်ကြည့်ပါမယ်။
ပုံမှာဖော်ပြထားတဲ့ RC Beam ကို RC Column နှစ်ချောင်းက အစွန်းတစ်ဖက်စီမှာ ရိုးရိုးထောက်မထားပါတယ်။

RC Beam ကတော့ အလျား 10' အနံ 10' ရှိတဲ့ 4.5" အုတ်နံရံ တစ်ခုကို ထမ်းထားရပါတယ်။

Beam Size ကိုတော့ 9"x12" သုံးပါမယ်။
အခုအဲ့ဒီ Beam ထဲမှာ ထည့်ရမယ့် သံချောင်း အရေအတွက်ကို ရှာမှာဖြစ်ပါတယ်။

အရင်ဆုံး အုတ်နံရံရဲ့ အလေးဝန်ကို တွက်ပါမယ်။
အုတ်နံရံထုထည်= 10x10x4.5/12 =37.5 Cuft
အုတ်နံရံ အလေးဝန် = 37.5x120=4500 Lb
(အုတ်1Cuft သည် 120 Lb လေးသည်)

(မှတ်ချက် ဘိလပ်မြေနဲ့  သဲ အလေးချိန်ကိုတော့ ထည့်မတွက်ထားပါဘူး။
သိပ်မပြောပလောက်လို့ ပါ ။ထည့်တွက်ချင်ရင် ကိုယ့်ဘာသာ ထည့်တွက်ပါ)

အခု RC Beam ရဲ့ ပင်ကိုယ်အလေးဝန်ကို တွက်ပါမယ်။
Beam ၏ ထုထည်= 9/12x1x10 =7.5 Cuft
Beam ၏ ပင်ကိုယ်အလေးဝန် = 7.5 x150= 1125 Cuft
(RC 1Cuft သည် 150 Lb လေးသည်)

ထို့ ကြောင့် RC Beam ထမ်းရမည့်
စုစုပေါင်း အလေးဝန် = 4500+1125=5625 Lb

အခု အလေးဝန်ကြောင့် ဖြစ်ပေါ်လာမယ့်
ကွေးညွတ်ကိန်း (Bending Moment ) ကိုတွက်ပါမယ်။
ပုံမှာ column နှစ်ခုက Beam ကို ရိုးရိုးထောက်မပေးထားတဲ့ အတွက်

M=WL/8 ကို သုံးပါမယ်။

M= ကွေးညွတ်ကိန်း
L=Beam အလျား
M= 5625x10/8 =7031.25 Lb -ft=84375 Lb-in

အခု Beam မှာသုံးမယ် သံချောင်း ဧရိယာကို ရှာပါမယ်။

Asc=ဖိအားသံချောင်းဧရိယာ
Ast=ဆွဲအားသံချောင်းဧရိယာ
့h= Beam၏ ထု
d'=ယက်မ နယ်ကုန်မှ နီးရာ သံချောင်း အလယ်ဗဟိုအထိ အကွာအဝေး
fs= သံချောင်း အမှန်တကယ်အလုပ်လုပ်သော ဆွဲဆန့် ခံနိုင်အား
(ကျွန်တော်ကတော့ fs=20000psi လို့ ယူဆပြီးတွက်လေ့ရှိပါတယ်)

အခု Steel Beam Theory ကို သုံးပါမယ်။
Asc=Ast=M/fs(h-2d')
=84375/20000(12-2x1.5)
=0.47 sq-in
အခု Table ကြည့်ပြီး အချောင်းရေ ထုတ်ပါမယ်။
Table တော့ ရှိကြမယ်ထင်ပါတယ်။

မရှိရင်တော့ http://mmewp.org/wp-content/uploads/2014/09/astm-standardbars.jpg မှာသွားကြည့်ပါ။

ကိုယ် နှစ်သက်ရာ သံချောင်းကို ရွေးသုံးပါ။
ကျွန်တော်ကတော့ #4 bar လို့ ခေါ်တဲ့ 12mm(1/2in) dia bar ကိုရွေးသုံးပါမယ်။

0.47/0.2=2.35 =3Nos(2ကျော်သွားတော့ သုံးချောင်းပေါ့)

ဒါကြောင့် Top Bar မှာ 12mm သံချောင်း သုံးချောင်း
Bottom Bar မှာ 12mm သံချောင်း သုံးချောင်း
စုစုပေါင်း သံချောင်း 6 ချောင်းသုံးပါတယ်။

ဒီလောက်ဆိုနားလည်ပြီထင်ပါတယ်။
ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တာပါ။
ကွန်ကရစ်ကိုရော ထည့်မတွက်ဘူးလားလို့ မေးစရာ ရှိနိုင်ပါတယ်။

Steel Beam Theory ပါဆိုနေမှ concrete ကို ဘယ်တွက်တော့မလဲ။
ရိုးသားစွာ ၀န်ခံရရင် ဒီ Theory ကို ဘယ်သူစထွင်ခဲ့မှန်းတော့ မသိပါဘူး။
ဒါပေမယ့် တချိန်က ကျောင်းသုံးစာအုပ်တစ်အုပ်မှာပါလို့  ကျွန်တော်လည်း သိရတာပါ။

Working Stress Designe နဲ့ တွက်တာဆိုတော့ Ultimate Design ထက် ကုန်ကျစရိတ်ပိုမှာပါ။

ဒါပေမယ့် safe တော့ ပိုဖြစ်ပါတယ်။ တွက်ရတာလည်း လွယ်ပါတယ်။
Ultimate Design နဲ့ တွက်ချက်နည်းကိုပါဖော်ပြပေးချင်ပေမယ့်

Working Stress Design နဲ့ တင်
စာရှည်နေပြီဖြစ်လို့  ဒီမှာတင်နားပါရစေ။
အခုတွက်ထားတာက compression နဲ tension အတွက်သက်သက်ပါပဲ။

shear နဲ့  torsion ကိုတော့ အချိန်ရမှ ဆက်ရေးပေးပါ့မယ်။
်(အာမတော့ မခံဘူး အချိန်မရရင် မရေးဖြစ်မှာစိုးလို့ )

နောက်ပိုင်း အချိန်ရရင် Square Footing အကြောင်း ဆက်ရေးပါဦးမယ်။
Calculation ပိုင်းမှားတာ ရှိရင် sorry ပါဗျာ။

ဂျူနီယာလေးမို့ အမှားအယွင်းများပါသွားရင် စီနီယာကြီးများမှ လမ်းမှန်ကို ညွန်ပြပေးပါလို့  ရိုသေလေးစားစွာ အကူအညီတောင်းလိုက်ရပါတယ်။

Written by Engr Tin Ko Ko (Founder @ Myanmar Engineering Web Portal)

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်တဲ့ Analysis of rate



ဆောက်လုပ်ရေးဝန်ကြီးဌာနက
ထုတ်တဲ့ Analysis of rate ပါ
File size 26MB ရှိပါတယ်
DOWNLOAD

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၉)

Ground Beam & Ground Floor Slab Weight

မေး - etab မှာground floor ရဲ့Loading ကို first floor slab တွေလိုပဲတင်ရလားအစ်ကို
ဖြေ - Ground Floor slab weight ကို Ground beam ကို မထမ်းခိုင်းပါဘူး မြေကြီးကိုပဲ ထမ်းခိုင်းပါတယ်။ ဒါကြောင့် GF slab weight ကို GB ပေါ်တင်စရာမလိုပါ။ (Basement ပါလို့ဖြစ်ဖြစ်) GF slab ပါ သံချီရင်တော့ GF slab weight ကို GB ကို ထမ်းခိုင်းရမှာပါ

ဆက်စပ်မေးခွန်း
မေး - ground beam ကိုဘာအတွက်သုံးပါသလဲ ground floor မှာ only beam ဘဲသုံးပြီး slab အစားအရပ်ခေါ်ခဲကျိုးဘာလို့လောင်းပါသလဲ ဆရာ
ဖြေ - Ground beam ကို Ground Floor Level မှာ column တွေချုပ်ဖို့နဲ့ အုပ်ရိုးထမ်းဖို့အတွက် သုံးပါတယ်။ Ground Floor ကို Rc slab မလုပ်တာက Ground beam နဲ့ Footing ကို ဝန်မပိုစေချင်လို့ပါ။ Ground Floor ကြမ်းခင်း weight ကို အောက်က မြေကြီးကိုပဲ ထမ်းခိုင်းလိုက်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၈)

Tension Failure & Compression Failure



မေး - concrete design အပေါ်မှာ လွှမ်းမိုးတယ့် tension failure နဲ့ compression failure တွေအကြောင်းကို သိလိုပါတယ်ခင်ဗျာ။ နောက်ပြီး tension control တို့ အကြောင်းတွေရောပါ့။ ဆိုလိုတာက design က tension control ဖြစ်ပြီဆိုရင် လက်ခံနိုင်တယ့် design ဖြစ်ပြီ ဆိုလို့ပါ။



ဖြေ - Beam တစ်ချောင်းကို သူရဲ့ carrying capacity အထိ loading တင်ကြည့်ရင် ပုံစံ(၂) မျိုးထဲက (၁)မျိုးနဲ့  Failure (ကျိုး) ဖြစ်နိုင်ပါတယ်။

ပထမတစ်မျိုးက (steel ratio  နည်းတဲ့အခါ အသင့်အတင့်ထည့်တဲ့အခါ) steel က အရင် yield ဖြစ်ပြီး နောက်မှ concrete က cracks တွေ ကျယ်ပြီး beam အောက်ခြေကနေ အပေါ်ထိ ပြန့်နှံ့ပြီး Failure ဖြစ်တာပါ။ ဒီလို Failure မျိုးကို Tension Failure လို့ခေါ်ပါတယ်။

ဒုတိယတစ်မျိုးက ( (steel ratio  ထည့်တာများတဲ့အခါ) steel yield မဖြစ်ခင် concrete က strain အရမ်းများပြီး ခံနိုင်ရည်အရင်ကုန်သွားပါတယ်။ အဲနောက်မှ steel က မခံနိုင်လို့ (ကျိုး) Failure ဖြစ်တဲ့အခါ Warning Sign မပြနိုင်ပဲ Failure ဖြစ်ပါတယ်။ ဒီလို Failure မျိုးကို Compression Failure လို့ခေါ်ပါတယ်။



Compression Failure က  Warning Sign မပြတဲ့အတွက် Tension Failure ကိုပဲ ရွေးချယ်ကြပါတယ်။



Steel က အရင် yield ဖြစ်မဖြစ် (Tension Failure လား  Compression Failure လား) ဆိုတာကို Balanced Steel Ratio နဲ့ဆုံးဖြတ်ပါတယ်။ Balanced Steel Ratio မှာ Steel က yield ဖြစ်တာနဲ့ concrete က သူ့ရဲ့ compressive strain limit ဖြစ်တဲ့ 0.003 ကို ရောက်တာတို့ တပြိုက်နက် ဖြစ်ပါတယ်။

ဒါကြောင့် တကယ်ထည့်တဲ့ Steel ratio က Balanced Steel Ratio ထက် ညီတာနဲ့ ငယ်တာဆိုရင် Tension Failure  ဖြစ်ပါတယ်။

Balanced Steel Ratio ထက် များတာဆိုရင်တော့ Compression  ဖြစ်ပါတယ်။



စာလေးမှာဆိုးလို့ Theory လျော့ပြီး အများနားလည်လွယ်အောင် ကြိုးစားရေးထားပါတယ်။ အသေးစိပ်ဖတ်ချင်သူများ Beam အခန်းမှာပြန်ဖတ်ပေးကြပါ။ ဖတ်ပြီး ဆွေးနွေးလိုပါက comment box မှာဆွေးနွေးနိုင်ပါတယ်။

(ဗိုလ်ဗိုလ်ကျော်)

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၇)

လူသိများပြီး အရှည်ကောက်အသိနည်းနေတဲ့ အတိုကောက်စာလုံးများ

မေး - CWT ရဲ့အရှည်ကောက်သိချင်လို့ပါ အကို

ဖြေ - Cwt ရဲ့အရှည်ကို hundredweight or centum weight လို့ခေါ်ပါတယ်။ မြန်မာလို ဟန်ဒြိတ် (သို့) ဟန် လို့ခေါ်ပြီး ၁ ဟန်ကို ၁၁၂ ပေါင် ရှိပါတယ်။

အလားတူ လူသိများပြီး အရှည်ကောက်အသိနည်းနေတဲ့ အတိုကောက်စာလုံးအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

AG - agitating truck
DPC - damp-proof course
EIA - environmental impact assessment
QS - quantity surveyor

(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၆) Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် softwares များ

Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် software များ

မေး -မင်္ဂလာပါအကို ကျွန်တော်ကဒီနှစ် BE ဖြေထားတာပါ။ တခုလောက်သိချင်လို့ပါခင်ဗျ။ Civil Engineer တယောက်က Etabs, Auto Cad, Sketch Up...စတဲ့ Engineering software တွေကိုအကုန်တတ်ကျွမ်းဖို့လိုအပ်ပါသလား ခင်ဗျ။
ဖြေ - Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် softwares တွေကတော့
1) MS Office (especially excel)
စာစီ စာရိုက်ဖို့ အတွက် Microsoft word, လိုအပ်တဲ့အခါ Presentation ပြနိုင်ဖို့အတွက် PowerPoint, စာရင်းဇယားတွက်ချက်ဖို့ (eg, Quantities Survey), လက်နဲ့တွက်ရမယ့် design အချို့ကို spreadsheet တွေရေးဆွဲဖို့အတွက် Excel တို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့  Excel ကို ပိုလိုအပ်ပါတယ်။
2) Autocad or other drawing software (especially 2D drawings)
Civil သမားတစ်ယောက်က 3D ဆွဲတတ်ဖို့ထက်  working drawings တွေ details drawings တွေ ရေးဆွဲနိုင်ဖို့ 2D ကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲတတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ အများသုံးတဲ့ drawing software ကတော့ Autocad ပါ။ စင်္ကာပူမှာတော့ Revit ကို စပြောင်းနေပြီလို့ သိရပါတယ်။ ဒါကြောင့် software ကတော့ မိမိအလုပ်လုပ်မယ့် ဒေသမှာ အသုံးပြုတဲ့ software ကို တတ်ကျွမ်းဖို့ လိုပါတယ်။ Sketch Up လို 3D ဆွဲဖို့ ကတော့ မဖြစ်မနေတတ်ထားရမယ့် ထဲတော့ မပါပါဘူး။ တတ်ထားရင်လည်း မမှားပါဘူး။ ဒါပေမယ့် မိမိသွားမယ့် လမ်းကြောင်း မပျောက်သွားဖို့တော့ အရေးကြီးပါတယ်။
၃) Structural Software (essentially to get design basics and design senses whether want to go design fields or not)
ETABS လို Structural Software တစ်ခုခုကိုတော့ structure designer မလုပ်ဘူးဆိုပေမယ့် structure design စဉ်းစားပုံတွေ၊ တွက်ချက်ပုံတွေ သိထားသင့်တဲ့အတွက် တတ်ထားသင့်ပါတယ်။ Structure design သမားတွေကတော့ ETABS & SAFE, STAAD Pro & STAAD foundation ထဲက အနဲဆုံးတတွဲကို တတ်ထားဖို့လိုပါတယ်။ အခြား analysis သီးသန့်ဖြစ်ဖြစ်   analysis & design ဖြစ်ဖြစ် software တွေကို တတ်ထားရင် ကောင်းပါတယ်။
ဒါတွေကတော့ civil engineers သမား အများစုအတွက် လိုအပ်တဲ့ software တွေပါ။ ဒါပေမယ့် မိမိလုပ်ကိုင်ရမယ့် လုပ်ငန်းသဘောပေါ် မူတည်ပြီး လုပ်ငန်းခွင်မှာ ထပ်မံ အသုံးချရမယ့် software တွေ ရှိနိုင်ပါတယ် (ဥပမာ Management (schedule တွေရေးဆွဲဖို့) အတွက် Primavera စသည်)
တနေ့ကမှ internet က ရထားတဲ့ Civil Engineering Software's List ဆိုတာလေးပါ ဗဟုသုတသဘော ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၅) High-rise building & high strength concrete

High-rise building & high-strength concrete

မေး - High-rise building တွေမှာ ဘယ်လို concrete strength ကို သုံးပါသလဲ။ Concrete compressive strength ကို 28 days ကိုပဲယူပါသလား။

ဖြေ-
High-rise building အဖြစ် အမြင့်ပေဘယ်လောက်၊ ဘယ်နှယ်ထပ်ဆိုတဲ့ သတ်မှတ်ချက်က တနိုင်ငံနဲ့ တနိုင်ငံ၊ တမြို့နဲ့ တမြို့ မတူနိုင်ပါ။ ဒီ note မှာတော့ အထပ်(၅၀) အထက်ကို ရည်ရွယ်ရေးသားပါတယ်။
High-rise building တွေက high strength concrete ကို သုံးကြပါတယ်။ High strength concrete က 50-100MPA(7250-14,500psi) အတွင်းမှာ ရှိပါတယ်။  ပုံမှန်အားဖြင့် 28-day strength ကို ယူကြပေမယ့် high-rise building တွေမှာတော့ အောက်ထပ်တွေက တစ်နှစ်ကြာတာတောင် loading အပြည့်မထမ်းရတဲ့အတွက် 56 (or) 91-day test result ကို economical ဖြစ်အောင်ယူတယ်လို့ ဆိုပါတယ်။  မြန်မာပြည်မှာလည်း high-rise ဆိုတဲ့ အသံလေးတွေ ကြားလာရပြီဆိုတော့ high-rise building တွေမှာ သုံးကြတဲ့ concrete strength ကို လေ့လာသိရှိထားသင့်ပါတယ်။ဆောက်ခဲ့တဲ့ High-rise building နဲ့ သုံးခဲ့တဲ့ concrete strength တွေကို building high နဲ့အတူ ဖော်ပြပေးထားပါတယ်။
12,000 psi (82.7 MPa)
Two Prudential Plaza* Chicago 1989 (above 800 ft)
311 South Wacker Drive*Chicago 1989 (above 900 ft)
Society Center† Cleveland 1991 (above 800 ft)
One Peachtree Center* Atlanta 1991 (above 800 ft)

12,500 psi (86 MPa)
Trump Palace* New York City 1991 (above 600 ft)

14,000 psi (96.5 MPa)
Dain Bosworth Tower* Minneapolis 1991 (above 500 ft)
225 West Wacker Drive* Chicago 1988 (above 300 ft)

17,000 psi (117.2MPa)
Gateway Tower† Seattle 1990 (above 700 ft)

19,000 psi (131.0Mpa)
Pacific First Centre† Seattle 1989 (above 600 ft)
Two Union Square† Seattle 1988 (above 700 ft)
* Reinforced concrete frame
† Composite concrete/steel frame
** Also includes one experimental column of 17,000 psi

High-rise building တွေမှာ high strength concrete သုံးတယ်ဆိုရာမှာ အဆောက်အဦ members အားလုံးကို strength တပြေးညီ သုံးချင်မှ သုံးပါတယ်။ တချို့က column ကို strength အများဆုံးသုံးကြပါတယ်။ ပြီးတော့ slab လိုမျိုးကြတော့ standard concrete ကို သုံးတတ်ကြပါတယ်။

Reference -
Concrete Technology Today - High Strength Concrete (Portland Cement Association)
http://www.ejse.org/Archives/Fulltext/200101/01/20010101
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၄) Strength of concrete for various ages

Strength of concrete for various ages

မေး - Concrete compressive strength ကို ၂၈ ရက်မှာ ရှိတဲ့ strength (fc' at 28 days) ကို ယူကြတာသိပါတယ်။ ဒါပေမယ့် ဘယ်နှယ်ရက်သားမှာ ၂၈ ရက်မှာ ရှိတဲ့ concrete ရဲ့ ဘယ်နှယ်ရာခိုင်နှုန်းရှိတယ်ဆိုတာနဲ့ ၂၈ရက် နောက်ပိုင်းမှာ  concrete strength က ဆက်တက်မှုရှိမရှိ သိချင်ပါတယ်။
ဖြေ - concrete strength က
3 ရက်မှာ 0.46 x 28 days strength
7 ရက်မှာ 0.71 x 28 days strength
28 ရက်မှာ 1 x 28 days strength
2 လမှာ 1.1 x  28 days strength
3 လမှာ 1.16 x  28 days strength
6 လမှာ 1.2 x  28 days strength
1 နှစ် မှာ 1.24 x  28 days strength ရှိပါတယ်။

concrete strength က ဘယ်နှယ်ရက်သားမှာ ၂၈ ရက်မှာ ရှိတဲ့ concrete ရဲ့ ဘယ်နှယ်ရာခိုင်နှုန်းရှိတယ်ဆိုတာကို ပုံမှာကြည့်နိုင်ပါတယ်။


Formula မနေနဲ့လည်း ACI က recommend ပေးထားတဲ့ formula ရှိပါတယ်။ အဲဒီ formula နဲ့ ရှာကြည့်တဲ့ အဖြေနဲ့ ပုံမှာပေးထားတာနဲ့ ကိုက်ညီပါတယ်။
fcm(t) =f28{t/(4+0.85t)}

သတိပြုရမှာက ဖော်ပြထားတာတွေက curing လုပ်တဲ့ concrete အတွက်ဖြစ်ပါတယ်။ curing မလုပ်တဲ့ concrete က ဒီအထဲမှာ အကြုံးမ၀င်ပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၃) Importance of "Moment of Inertia" in Structural Engineering

Importance of "Moment of Inertia" in Structural Engineering

ကျွန်တော့် Message box ကနေ moment of inertia အကြောင်း ဒီလိုမေးလာပါတယ်

မေး - အစ်ကိုရေ ကျွန်တော်သိချင်တာလေးတခုမေးချင်လို့ပါ။ ကျွန်တော် structure design တွေတွက်တော့ steel မှာ ဖြစ်ဖြစ်၊ timber မှာဖြစ်ဖြစ်၊ concrete မှာပဲဖြစ်ဖြစ် Moment of Inertia (I) ကို ထည့် တွက်ရတာလေ။ အဲ့ဒါကို ဘယ်လိုကြောင့် ထည့်တွက်ရလည်း ဆိုတာသိချင်ပါတယ်ါခင်ဗျာ။ တည်ငြိမ်ကိန်း ဆိုတဲ့ အကြောင်းအရာ ကို “ရပ်မြဲရပ်၊ တည်မြဲတည်” ဆိုတဲ့ အရာနဲ့ ဆက်စပ်လို့ မရပဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေလို့ပါခင်ဗျာ

သူ့မေးခွန်းက လက်ရှိသိထားတဲ့အသိနဲ့ဖြေဖို့ ဆိုရင် သူရှင်းအောင်ပြောနိုင်မယ်မထင်တာရယ် ထပ်ဆင့်မေးလာနိုင်တဲ့မေးခွန်းတွေကို ဖြေနိုင်ဖို့ ကျွန်တော့်အတွက်ခက်ခဲတဲ့အတွက် ရှာဖွေ ဖတ်မှတ်ပြီး ပြောပါမယ်လို့ ပြောခဲ့ပါတယ်။
Post အနေနဲ့ တင်မှအဆင်ပြေမှာမို့ ဖတ်၊ မှတ်ပြီးတော့ အများဖတ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Moment of inertia ဆိုတာ မပြောခင် Newton's law of inertia ကို အရင်ပြောပါမယ်။  Newton's law of inertia ကဘာပြောသလဲဆိုရင်  ရပ်နေတဲ့အရာဝတ္ထုတိုင်းဟာ "ရပ်မြဲရပ်လိုတယ်၊ ရွှေ့နေတဲ့အရာဝတ္ထုတိုင်းဟာ ရွှေ့မြဲရွှေ့လိုတယ်" လို့ပြောပါတယ်။ အပြင်က ပြောင်းလဲနိုင်တဲ့ force မသက်ရောက်မချင်း အဲဒီရပ်မြဲရပ်လို၊ ရွှေ့မြဲရွှေ့လိုတာကို ထိန်းသိမ်းထားပါတယ်။

အဲဒီကနေ Engineering မှာ 'Inertia' ဆိုတာကို ပြောင်းလဲဖို့ခုခံမှု (resistance to change) အဖြစ်ယူပါတယ်။ အဲတော့ အရာဝတ္ထုတစ်ခုရဲ့ Moment of inertia ဆိုတာ အဲဒီအရာဝတ္ထုရဲ့moment ကို ခုခံမှု (resistance to moment) ပဲဖြစ်ပါတယ်။ Moment of inertia များလေလေ moment ခံနိုင်ရည်များလေလေပါပဲ။ ဒါကြောင့် beam တွေအတွက် moment ခံနိုင်ရည်များအောင် Moment of inertia  (I) တန်ဖိုးများတဲ့ H-section တွေအသုံးပြုတာပါ။

Moment of inertia ကို Equation အနေနဲ့ဆိုရင်
Rectangular section အတွက်
I(xx)=(bd^3)/12)
I(yy)=(db^3/12)
where, b=width of the section, d=depth of the section
The axes x-x and y-y are passing through the centroid and x-x axis is parallel to the width of the section and y-y axis is parallel to the depth

Circular section အတွက်ကတော့
I(xx)=I(yy)=(phi D^4)/64
where, D=diameter of the section

Beam တချောင်းတောင့်တင်းမှုအပေါ် Moment of inertia (I) ရဲ့သက်ရောက်မှုကို ပေတံတချောင်းနဲ့ ဥပမာပေးပါမယ်။ ပေတံကို beam တချောင်းလိုသဘောထားပြီး ပြားလိုက်ကွေးကြည့်ပါ။ အလွယ်တကူ ကွေးလို့ရတာကို တွေ့ရပါမယ်။ နောက် ဒေါင်လိုက်ကွေးကြည့်ပါ ခုနကလောက် မလွယ်တာကို တွေ့ရပါမယ်။ ပေတံရဲ့ ဧရိယာဟာ case ၂ခုလုံးအတွက် အတူတူပါပဲ။ ဒါဆိုဘာကများ ပြောင်းလဲသွားစေတာပါလဲ။ Moment of inertia (I) ပါပဲ။ နောက် case ရဲ့ I က ပထမ case ရဲ့ I ထက်ပိုများနေလို့ပါ။ ဒါကိုတွက်ကြည့်ကြရအောင်ပါ။



ပေတံရဲ့ width ကို 0.1"
depth ကို 1" လို့ ယူဆပါမယ်။
ဒါဆို ပထမ case အတွက်ဆိုရင်



ဒုတိယ case အတွက်ဆိုရင်



Cross sectional area တူပေမယ့် beam position မတူလို့ moment of inertia (I) မတူပုံ၊ moment ခံနိုင်ရည် မတူတာကို လေ့လာလိုက်ရပါတယ်။ ဒါကြောင့် moment of inertia(I) များအောင် ထားသိုပေးရမယ်ဆိုတာ သိနိုင်ပါတယ်။ Moment of inertia (I) ရဲ့ အရေးပါမှုကလည်း ဒီဥပမာနဲ့ ထင်ရှားပါပြီ။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၂) Splice Locations for beams & columns

Splice Locations for beams & columns
Message box ကနေမေးထားတာကို အများဖတ်နိုင်အောင် note အနေနဲ့တင်လိုက်တာပါ။

မေး -သံချောင်း lapping ဆက်တာ top bar ဆို ဘယ်နေရာ bottom bar ဆိုဘယ်နေလဲ သိချင်ပါတယ်
ဖြေ - Beam မှာ top bar ကို mid span မှာဆက်တာ အကောင်းဆုံးဖြစ်ပြီး bottom bar ကို support နား column face ကနေ 2h (h=beam depth) အကွာမှာဆက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာတွေမှာပဲဆက်ဖို့ အခက်အခဲ(သံချောင်းပုတ်တာ)ရှိနိုင်တဲ့အတွက် ပုံမှာ Splice zone ဆိုပြီး Splice ဆက်ရမယ့် zone သတ်မှတ်ပေးထားပါတယ်။ အဲဒီ zone အပြင်မှာမဆက်ရပါဘူး။
Column ကတော့ ရိုးရိုးအဆောက်အဦဆိုရင် (ငလျှင်မပါရင်) ကြမ်းခင်းလောင်းပြီးအပေါ်မှာ ဆက်နိုင်ပါတယ်။ ငလျှင်ပါရင်တော့ Floor တွေရဲ့အလယ်မှာဆက်ရပါမယ်။



Bo Bo Kyaw
https://www.facebook.com/notes/bobo-kyaw/civil-%E1%80%94%E1%80%B2%E1%82%95%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%B1%E1%80%99%E1%80%B8%E1%80%A1%E1%80%B1%

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁)

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁)

ကျွန်တော့်ကို Friend List ထဲက ညီငယ်တစ်ယောက်က civil နဲ့ပတ်သက်လို့ အမေးအဖြေဆွေးနွေးခန်း ဆိုပြီး group လေးလုပ်ဖို့ အကြံပေးပါတယ်။ သူ့အကြံကကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ 'Myanmar Professional Engineers(Mdy)' group ထောင်ပြီးရှိနှင့်နေပြီးပါပြီ။ ဒါကြောင့် ဒီ group မှာပဲ သိချင်တာ ဆွေးနွေးမေးမြန်းနိုင်ကြောင်းနဲ့ မိမိသိတာကို share နိုင်ကြောင်းပြန်ပြောခဲ့ပါတယ်။ သူပြောတာတွေကလည်း ကျွန်တော်ဖြစ်ချင်တဲ့ group တည်ထောင်တဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီနေပါတယ်။ Group မှာ Members (၃၀၀) နီးပါးရှိနေပြီ ဖြစ်ပေမယ့် group တည်ထောင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။ ဒါကိုအားလုံးဝိုင်းကြိုးစားပေးကြဖို့ တောင်းဆိုပါရစေ။
civil နဲ့ပတ်သက်တဲ့ အမေးအဖြေ အနေနဲ့ လတ်တလောကျွန်တော်ဖြေခဲ့ရတဲ့ မေးခွန်းလေးနဲ့စလိုက်ချင်ပါတယ်။
civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁)
မေး - Rectangular Footing မှာ Longer direction steel နဲ့ Shorter direction steel ဘယ် direction က steel ကို အောက်ကထားရမလဲ
ဖြေ - အပေါ်က steel နဲ့ အောက်က steel ကွာခြားသွားတာက Effective depth (d) ပါ။ အောက်က Steel က အပေါ် steel ထက် Effective depth (d) သံလုံးတလုံးစာ (အချင်း) ပိုပါတယ်။ Rectangular Footing မှာ Longer direction steel ကို Shorter direction steel အောက်ကထားသင့်ပါတယ်။ ဘာလို့လဲ့ဆိုတော့ာ Longer direction က Shorter direction ထက် moment ပိုများတဲ့အတွက် Effective depth (d) ပိုရအောင် အောက်ကထားသင့်တာပါ။
မေး - Slab မှာဆိုရင်ကော ဘယ် steel ကို အောက်ကထားရမလဲ
ဖြေ - ဘယ်ဟာက အပေါ် ဘယ်ဟာက အောက်ဆိုတာမှာ ဘယ်ဟာက moment ပိုများပြီး effective depth (d) ပိုများအောင်ထားပေးဖို့ လိုသလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။ Slab မှာ Shorter direction steel က moment ပိုများတဲ့အတွက် Bottom Layer မှာ effective depth (d) ပိုများအောင် Shorter ကို longer အောက်ထားပြီး၊ Top Layer မှာတော့ effective depth (d) ပိုများအောင် Shorter ကို longer အပေါ်ထားသင့်ပါတယ်။
မေး - Main Beam နဲ့ Secondary Beam ဆုံရင်ရော
ဖြေ - အရင်ပြောခဲ့တဲ့ idea အတိုင်း ဘယ်ဟာက moment ပိုများပြီး effective depth (d) ပိုများအောင်ထားပေးဖို့ လိုသလဲဆိုတာကို အာရုံစိုက်ရမှာပါ။ Main Beam ကို effective depth (d) ပိုများအောင်ထားပေးဖို့ လိုတဲ့အတွက် Main Beam ရဲ့ Bottom Bar က Secondary Beam ရဲ့ Bottom Bar အောက်ကရှိရမှာဖြစ်ပြီး၊ Main Beam ရဲ့ Top Bar က Secondary Beam ရဲ့ Top Bar အပေါ်ကကရှိရမှာဖြစ်ပါတယ်။
'Myanmar Professional Engineers (Mdy)' group ပါ။ Engineers အကို၊ အမ၊ ညီ၊ ညီမများ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member မ၀င်ရောက်ခင် Group Description ကိုတော့အရင်ဖတ်ကြည့်စေချင်ပါတယ်။
Bo Bo Kyaw
https://www.facebook.com/groups/458274827576495/

Approximate UBC Code Maximum Zone Acceleration and Magnitude

အဆောက်အဦတွေ  ငလျင်ဒဏ်ခံနိုင်အောင်  ငလျင်ကိုထည့်သွင်းတွက်ချက်တယ် ဆောက်လုပ်တယ်ဆိုရာမှာ  ငလျင်ဒဏ်ဘယ်လောက် ခံနိုင်သလဲဆိုတာကို မေးကြပါတယ်။ ဒီမှာ ခက်တာက အင်ဂျင်နီယာတွေ ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်တာက ground acceleration နဲ့ 0.4g, 0.3g စတာတွေဖြစ်ပါတယ်။ နောက် သူတို့အဓိကထားတာက စိတ်ဝင်စားတာ Earthquake ( ငလျင်) ရဲ့ Intensity ဖြစ်တဲ့  မာကာလီ (Mercalli) တွေ ground acceleration တွေ ဖြစ်ပါတယ်။
အပြင်လူတွေသိတာက  ( ငလျင်) ရဲ့ Magnitude ဖြစ်တဲ့ ရစ်တာစကေးဖြစ်ပါတယ်။ အပြင်လူတွေကို (ငလျင် ရဲ့ Intensity ဖြစ်တဲ့) ground acceleration နဲ့သွားပြောရင် မသိပါဘူး။
အဲတော့ အင်ဂျင်နီယာတွေ ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်တဲ့  (ငလျင် ရဲ့ Intensity ဖြစ်တဲ့) ground acceleration ကို အပြင်လူတွေသိတဲ့  ( ငလျင်ရဲ့ Magnitude ဖြစ်တဲ့ ) ရစ်တာစကေး နဲ့ ပြောပြနိုင်အောင် အဲဒီနှစ်ခု အကြမ်းဖျင်း ဘယ်လိုညီမျှတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ PE Structure အတွက် Reference စာအုပ်တစ်အုပ်ဖြစ်တဲ့ Michael R. Lindeburg ရေးတဲ့ "Seismic Design of Building Structures" စာအုပ်ကနေ ကူးယူဖော်ပြပေးတာပါ။




ငလျင် ရဲ့ magnitude & intensity အကြောင်းကိုလည်း အရင်ရေးဖူးတဲ့အထဲကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
ငလျင်ရဲ့ ပမာဏနဲ့ပြင်းအား (magnitude & intensity)
ရစ်တာစကေးဘယ်လောက် ဆိုတာ ငလျင်ရဲ့ ပမာဏ(magnitude) ကိုပြောတာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ ဥပမာ ၀ပ် ၄၀ မီးချောင်းဟာ နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။
intensity ဆိုတာက ငလျင်ဒဏ်ခံစားရမှုကို ပြဆိုပါတယ်။ မာကာလီ (Mercalli) နဲ့ပြမယ်၊ ground accelerationနဲ့ပြမယ်။ ဥပမာ ၀ပ် ၄၀ မီးချောင်း နဲ့ အနီးအဝေးပေါ် မူတည်ပြီး light intensity (lumens နဲ့တိုင်းတာ) ပြောင်းလဲနေပါတယ်။
တူညီတဲ့ ငလျင်မှာ ပမာဏ(magnitude) ဥပမာရစ်တာစကေးက တူညီပြီး၊ ငလျင်ဒဏ်ခံစားရမှု (intensity ) က အကွာအဝေးပေါ် လိုက်ပြီး မတူညီပါ။
ဒါကြောင့် ငလျင်ပြင်းအား ရစ်တာစကေး ဘယ်လောက်ခံနိုင်ပါတယ် ဆိုတာ အတိအကျ ပြောမရနိုင်ပါ။

 Ref https://www.facebook.com/bobokyaw.mdy

အဆောက်အဦ ဘေးတိုက်ဘယ်လောက် တိမ်းစောင်းလို့ ရနိုင်သလဲ ? BoBo Kyaw


 
အဆောက်အဦ ဘေးတိုက်ဘယ်လောက် တိမ်းစောင်းလို့ ရနိုင်သလဲ ?
ဘေးတိုက်တိမ်းစောင်းတဲ့ အရွေ့က ၃ မျိုးရှိမယ်ထင်ပါတယ်
1) ငလျင်ကြောင့်ဖြစ်တဲ့ လှုပ်တုန်းဖြစ်မယ့် ဘေးတိုက်အရွေ့ Lateral Drift
ဒါကို UBC code က 2% နဲ့ ကန့်သတ်ပါတယ်။
(ဒါနဲ့ဆက်နွယ်ပြီး ငလျင်လှုပ်ရင် အဆောက်အဦနှစ်ခု ဘေးတိုက် တိုက်နိုင်မယ့် Ponding အတွက် Mnimum Separation Distance
ကိုလည်း YCDC အထပ်မြင့်တွေမှာ Check ခိုင်းပါတယ်)
2) Construction လုပ်ရာမှာ Formwork ပုံဆင်ပုံရိုက်ကြောင့် လွဲနိုင်တဲ့ ဘေးတိုက်လွဲနိုင်ခွင့် Horizontal tolerance ပါ
ဒါကတော့ 10' မှာ 1/4" နဲ့ အဆောက်အဦတစ်ခုလုံးအတွက်တော့ ထောင့်တိုင်တွေအတွက် 1/2" နဲ့ ကျန်တိုင်တွေအတွက်တော့ 1" ဆိုပြီး ACI က maximum အနေနဲ့ ကန့်သတ်ထားပါတယ်
3) အဆောက်အဦဆောက်ပြီးမှ Environmental Effect ကြောင့်နဲ့ (ဥပမာ ငလျင်ကြောင့် ရွေ့သွားတာမျိုး) ဒီအတိုင်း နေရင်း (Dead load, Live load ကြောင့်) တိမ်းစောင်းသွားတာမျိုးပေါ့။ ဒါကိုတော့ ဘယ်လောက် ကန့်သက်ထားသလဲမသိပါ။ ဆောင်းပါးတခုမှာတော့ YCDC က 5" လို့ သတ်မှတ်ထားတယ်ဆိုတာမျိုး ဖတ်ရပါတယ်။ ဒီမှာ ကိုယ်သိထားတဲ့ 1) နဲ့ 2) အရဆိုရင် 1) က Lateral Drift ပါ UBC အရ 2% ပါ။ ဒါပေမယ့် ဒါက ငလျင်လှုပ်တုန်း ရွေ့မယ့်အရွေ့ပါ တသက်လုံးရှိမယ့် အရွေ့မဟုတ်ပါ။ 2( ကတော့ Formwork ကြောင့်ဖြစ်တဲ့ error သူကတော့ တသက်လုံးရှိသွားမယ့်အရွေ့။ သူကိုတော့ ကိုးကားရမယ်ထင်ပါတယ်။ သူ့အတိုင်းဆိုရင် 1"ပါ။
3) နဲ့ ပတ်သက်လို့ နိုင်ငံတကာစံနှုန်း အတိအကျသိသူများ ကျေးဇူးပြုပြီး ပြောပေးကြပါ။
Comment ကနေ Ko San Nwe ပေးတဲ့ The 14 th World Conference on Earthquake Engineering October 12-17, 2008, Beijing, China " PERMISSIBLE RESIDUAL DEFORMATION LEVELS FOR BUILDING STRUCTURES CONSIDERING BOTH SAFETY AND HUMAN ELEMENTS" ဆိုတဲ့ Paper မှတော့ " findings suggest that 0.005 rad can be used as an index level for permissible residual deformation" လို့ပါပါတယ်။
ဒါအရဆိုရင် 100' အမြင့်ဆိုရင်တောင်မှာ 0.5" လောက်ပဲပေးပါတယ်။
 
 Ref https://www.facebook.com/bobokyaw.mdy
 

"Traffic Jam နှင့် Ring Road များ"

"Traffic Jam နှင့် Ring Road များ"


Phdဘွဲ့ရ (၉)ဦး ME ဘွဲ့ရ (၁၉၅)ဦး BEနှင့်AGTI အင်ဂျင်နီယာ(၃၀၀၀)ကျော်တို့ တာဝန်ထမ်းဆောင်နေသော ကျွန်တော်တို့ ဌာနတွင် Civil, Mechanical, Electrical, Architecture ဘာသာရပ်အလိုက် လွန်စွာထူးချွန်သောပညာရှင်များရှိပါသည်။ ပညာရှင်များသည် ၄င်းတို့၏ တက်ကျွမ်းမှု များကို Research များ ၊ Plan များ ၊ Proposal များရေးဆွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲမပြတ် တင်ပြနေကြပါသည်။ နိုင်ငံ့အတွက် ကြိုးစားနေကြပါသည်။

၂၀၀၇ ခုနှစ် အတွင်းကဂျပန်နိုင်ငံမှ Training Programme  မှ ပြန်ရောက် လာသော ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လမ်း၊တံတားအင်ဂျင်နီယာတစ်ဦးသည် နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် ရန်ကုန်မြို့၏ Traffic Jamကိုဖြေရှင်းရန်အတွက် Inner Ring Road နှင့် Outer Ring Road များကိုစိတ်ကူးရေးဆွဲ၍ တင်ပြခဲ့ဘူးပါသည်။ သို့သော် အကောင်အထည်မဖော်နိုင်ခဲ့ပါ။

"၂၀၀၇ တွင် တင်ပြခဲ့သည့် အဆိုပြုပုံ"




၂၀၁၃ တွင် ဂျပန်နိုင်ငံ JICA ၏ အကူအညီဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး Plan ရေးဆွဲရာတွင် Nippon Koeiသို့ မိမိဌာနမှ ၂၀၀၇ ခုနှစ်ကရေးဆွဲခဲ့သော Ring Road များကို ပြသခဲ့ရာထိုRing Road များကိုအခြေခံ၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး Plan တွင် အောက်ဖော်ပြပါ Outer Ring နှင့် Inner Ring များရေးဆွဲခဲ့ပါသည်။



Ring Roads ဆိုသည်မှာမီးပွိုင့်များ၊ လမ်းဆုံများ Junction များမရှိရဘဲတဆက်တည်းမောင်းနှင်နိုင်ရမည်ဖြစ်၍ Inner Ring Road မှာ Elevated Ring Road ဆောင်ရွက်မှ Function ဖြစ်ပါမည်။ ဤသည်ကိုလည်းဂျပန်နိုင်ငံ YUEX မှ Elevated Ring Road First Phase ကိုရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ဆက်သွယ်နိုင်ရန် အောက်ပါအတိုင်း
Scenario I ရေးဆွဲပါသည်။









Scenario I ၏ နောက်ဆက်တွဲဆောင်ရွက်ရမည်မှာ Feasibility Study ဆောင်ရွက်ရမည်ဖြစ်ရာ …

Etabs လေ့လာချင်သူများအတွက် Ebookတင်ပေးလိုက်ပါတယ်



Download

တံတားတည်ဆောက်မှုအတတ်ပညာ(၅)

ဘေလီတံတား

ဒုတိယကမ္ဘာစစ်ကာလ ဗြိတိသျှစစ်ရုံးတွင် အမှုထမ်းစဉ်ကာလမှာ Mr.Donald Bailey ဟာ ဆန်းသစ်တဲ့တံတားအသစ်တည်ဆောက်ဖို့ စိတ်ကူးရခဲ့တယ်။ သူ့ရဲ့ဒီဇိုင်းက မော်ဂျူလာပုံစံနဲ့ ပေါ့ပါး၍ ခိုင်မာပြီး ဖြုတ်လို့တပ်လို့ရသော အလွန်အသုံးဝင်သော သံပေါင်တံတားဖြစ်လို့ စစ်ကာလမှာ အကြီးမားဆုံး တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ မဟာမိတ်တွေရဲ့ အောင်မြင်မှုတွင် ထူးခြားသောအစိတ်အပိုင်းအဖြစ် အဓိကကျခဲ့ပါတယ်။
မစ္စတာဘေလီဟာ သူ့ရဲ့စိတ်ကူးကို အထက်ကို တင်ပြခဲ့တယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ သူ့ရဲ့ ဆန်းသစ်တဲ့တံတားပုံစံကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်။ ဘေလီတံတားကို ၁၉၄၁ထဲမှ အဆင့်မြင့်စစ်သုံးတံတားအဖြစ် အသုံးပြုခဲ့ပြီး ဥရောပတစ်ခွင်မှာ ကျယ်ကျယ်ပြန့်ပြန့်ကို အသုံးပြုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘေလီတံတား အစင်း ၂၀၀၀ လောက်တည်ဆောက်ခဲ့ပြီး အနောက်မြောက်ဥရောပတစ်ခုတည်းပင်လျှင် ဘေလီတံတားပေါင်း ၁၅၀၀ကျော် တည်ဆောက်ပေးခဲ့ပါတယ်။ဗြိတိသျှစစ်တပ်ဟာ နောက်(၄)နှစ်အတွင်း အာဖရိက မြောက်ပိုင်းမှာ ဘေလီ panel ပေါင်း တစ်သန်းထုတ်လုပ်ခဲ့တယ်။
မစ္စတာဒေါ်နယ်ဘေလီဟာ ၁၉၄၃ ခုနှစ်မှာ OBE ဘွဲ့ချီးမြှင့်ခြင်းခံရပြီး ၁၉၄၆ ခုနှစ်တွင် သူ့ရဲ့ ထူးချွန်စွာ ဆောင်ရွက်နိုင်မှုများကြောင့် ဆာ ဘွဲ့ ချီးမြှင့်ခြင်းခံရတယ်။

ဘေလီတံတားတစ်ခု၏အခေါ်အဝေါ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



ဘေလီတံတားများကို Single Lane , Extra wide နှင့် Double lane ၃မျိုးဆောင်ရွက်နိုင် ပါသည်။



ဘေလီတံတားများ၏ အရွယ်အစားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



ဘေလီ Panel များကိုမူတည်၍ တစ်လွှာတစ်ထပ်ဘေလီ၊ နှစ်လွှာတစ်ထပ်ဘေလီ၊ သုံးလွှာတစ်ထပ်ဘေလီ၊ နှစ်လွှာနှစ်ထပ်ဘေလီ၊ သုံးလွှာနှစ်ထပ်ဘေလီ ၊ သုံးလွှာသုံးထပ် အစရှိသည်ဖြင့် ခံနိုင်ရည်လိုအပ်သော ၀န်တန်ချိန်အလိုက် တံတားများကို တည်ဆောက် ကြပါသည်။
        SS    =      Single Single
        SSR  =      Single  Single Reinforcement
        DS    =      Double Single
        DSR  =      Double Single Reinforcement
        TS    =      Triple Single
        TD    =      Triple Double
        TT    =      Triple Triple စသည်ဖြင့် မျိုးစုံတည်ဆောက်နိုင်ပါသည်။



ဘေလီတံတား၏ခံနိုင်ရည်ဝန်လည်း တံတား၏ Panel အလွှာ အထပ်ပေါ်မူတည်၍ ခံနိုင်ရည်တိုးသွားပါသည်။


အထက်ပါခံနိုင်ဝန်သည် ပြီးပြည့်စုံအောင် တပ်ဆင်ထားသော ဘေလီတံတား တစ်စင်းအတွက် ခံနိုင်ဝန်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် လက်ရှိဘေလီတံတားများမှာ Top Chord မရှိခြင်း Sway Brace မရှိခြင်း အစရှိသည်ဖြင့် လိုအပ်ချက်များရှိရာ အထက်ဇယားပါ ခံနိုင်ဝန်၏ ၆၀% လောက်သာ Max Loading ယူသင့်ပါသည်။


“တံတားတည်ဆောက်မှု အတတ်ပညာ (၃)”

ကမ္ဘာပေါ်တွင် တည်ဆောက်ထားသောတံတားများမှာ-
  1. သစ်သားတံတား (Timber Bridge)
  2. သံကူကွန်ကရိတံတား (Reinforced Concrete Bridge)
  3. ကြိုတင်အားဖြည့်သံကူကွန်ကရိတံတား (Prestressed Concrete Bridge)
  4. သံမဏိသံပေါင်တံတား (Steel Truss Bridge)
  5. ကြိုးဆိုင်းတံတား (Cable Stay Bridge)
  6. ကြိုးဆွဲတံတား (Suspension Bridge)
  7. သံမဏိဂုံးတံတား (Arch Bridge)
  8. ယာယီတံတားများ (Bailey Bridge, C.H Bridge, R.P.T Bridge, R.S .JBridge)
မြန်မာနိုင်ငံတွင်သံမဏိ ဂုံးတံတားအမျိုးအစားတံတားမှလွဲ၍ ကျန်တံတားများအားလုံး တည်ဆောက်နိုင်ခဲ့ပါသည်။ သံမဏိဂုံးတံတားအမျိုးအစားကိုလည်းယခုဆောက်လုပ်မည့် မော်လမြိုင်မှ (ဘီလူးကျွန်း) ချောင်းဆုံ သို့ဆက်သွယ်သောတံတားတွင် ထည့်သွင်းဆောက်လုပ်ရန် စီစဉ်ထားရှိပါသည်။



ယာယီတံတားများမှာတီထွင်သူလူအမည်ကိုအစွဲပြု၍ခေါ်ဝေါ်သည်ကများပါသည်။ Mr. Donald Bailey က (1941) ခုနှစ်တွင် စတင်တီထွင်ခဲ့၍ Bailey Bridge (ဘေလီတံတား) ဟုအမည်တွင်ခဲ့ပါသည်။ Mr. Callender နှင့် Mr. Helmintonအင်ဂျင်နီယာ(၂)ဦးတီထွင်ခဲ့၍ C.H (Callender Hamilton – Structural Steel Fabricating Company)တံတားဟုအမည်တွင်ခဲ့ပါသည်။ Mr. Rendel, Mr. Parlmar နှင့်Mr. Trittonတို့ တီထွင်ခဲ့သောတံတားကို R.P.T (Rendel, Palmer and Tritton – Consulting Engineers) တံတားဟုခေါ်ပါသည်။ R.S.J Bridgeသည်Rolled Steel Joist တံတားဖြစ်ပါသည်။
ထိုသို့ ယာယီတံတားများစွာရှိရာတွင် မြန်မာနိုင်ငံတွင် အသုံးအများဆုံးနှင့် အသုံးအဝင်ဆုံးတည်ဆောက်ရန် အလွယ်ကူဆုံးတံတားမှာဘေလီတံတား ဖြစ်ပါသည်။ ဘေလီတံတား၏ ခံနိုင်ဝန် Loading ကို -


တံတားတည်ဆောက်ခြင်းအတတ်ပညာ (၂)

ထို့ပြင် တံတားတည်ဆောက်ရာတွင်လည်း အခက်အခဲအတားအဆီး (Hazard)ကို ကျော်ဖြတ်ရန် ရည်ရွယ်သည်သာမက အမြင်လှပတင့်တယ်ခန့်ညားရန် ဦးစားပေး တည်ဆောက်လာကြပါသည်။ သက်ဆိုင်ရာမြို့တော်ဝန်များက မိမိမြို့ဖွံ့ဖြိုးတိုးတက် လှပရေးအတွက် ခေတ်မှီလှပသော တံတားများဖြင့် တန်ဆာဆင်ကြသကဲ့သို့ မြို့လူထု ကလည်း အဆိုပါ တ့တားကြီးများဖြင့် ဂုဏ်ယူလေ့ရှိပါသည်။ ဥပမာ ။ Sanfransisco မြို့မှ Golden Gate တံတား၊ အိုဆာကာမြို့အနီးမှ Akashi Kaikyo တံတား၊ လန်ဒန်မြို့၏ သိမ်းမြစ်တံတား၊ မြန်မာပြည်မှ စစ်ကိုင်းတံတား၊ မော်လမြိုင်တံတား၊ ကလေးဝတံတား၊ ပခုက္ကူတံတားအစရှိသည့်တံတားများကိုလည်း မြို့လူထုကနှစ်သစ်မြတ်နိုးကြသလို တံတားတည်ဆောက်ခဲ့သော အင်ဂျင်နီယာများကိုလည်း သူရဲကောင်းသဖွယ် သဘောထားဂုဏ်ပြုကြပါသည်။
        မြို့တော်ဝန်များက သူ့ထက်ငါအပြိုင်တံတားများဖြင့် အလှဆင်ကြရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တံတား Design များသည် တံတားဗိသုကာ လက်ရာများနှင့် အပြိုင် ပုံစံထုတ်လာခဲ့ကြပါသည်။



























မြို့ခံလူထုတို့သည် မိမိတို့၏မြို့တော်အမှတ်လက္ခဏာ (Landmark) ဖြစ်သော တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိပါသည်။